Main menu

မုန့်လုပ်ငန်းသို့ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

           ၁၇.၆.၂၀၂၅ ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ သည် ကြည့်မြင်တိုင်မြို့နယ် အမှတ်(၅၅၀)၊အနောက်ကြည့်မြင်တိုင်လမ်းတွင်ရှိသော Home Made Home Bake မုန့်တိုက်နှင့် အမှတ်(၂၆၃) ကမ်းနားလမ်း၊ မကျည်းတောင်အနောက်ရပ်ကွက်တွင်ရှိ သော ရွှေမြို့တော်မုန့်တိုက်သို့် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရ ပါသည်။

           ကွင်းဆင်းစစ်ဆေးရတွင် အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဒေါ်ခိုင်သဉ္ဇာဦးနှင့် ဝန်ထမ်း(၂)ဦူး၊ မြို့နယ်စည်ပင်မှ ဒေါ်မျိုးကျော့သွယ်(အကြီးတန်းစာရေး) နှင့် ဝန်ထမ်း(၃)ဦး၊ မြို့နယ် ကျန်းမာရေးဌာနမှ ဆရာမကြီးဒေါ်လှသိန်းတို့မှ ပူးပေါင်းပါဝင်စစ်ဆေးခဲ့ကြပါသည်။

          ထိုသို့စစ်ဆေးရာတွင် မုန့်တိုက်မှထုတ်လုပ်သော မုန့်အမျိုးအစားများတွင် ကုန်အညွှန်းအမှတ် အသားများပြည့်စုံစွာပါဝင်ခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသဖြင့် ဈေးကွက်မရောက်မီ ၎င်းတို့၏ ကုန်ပစ္စည်းများတွင် စားသုံးသူများအား ဘေးဥပါဒ်အန္တရာယ်မရှိစေရန် ထုတ်လုပ်သည့်ရက်စွဲ၊ ကုန်ဆုံး သည့်ရက်စွဲ၊ ထားသိုသိမ်းဆည်းမှု၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်များအား ပြည့်စုံစွာထည့် သွင်းရန်လိုအပ်ကြောင်း အသိပညာပေးမျုများအား ပြုလုပ်ခြ့ပြီး ၂၀၂၅ ဩဂုတ်လတွင် ပြန်လည်စစ် ဆေးသွားမည်ဖြစ်ကြောင်း သိရှိခဲ့ရပါသည်။

DOCA(P)