Main menu

နယူးဇီလန်နှင့် အင်ဒိုနီးရှားတို့သည် ဟလာလ်ကုန်သွယ်မှု သဘောတူညီချက်ကိုလက်မှတ် ရေးထိုးခဲ့ကြ

Powered by Drupal

              နယူးဇီလန်နှင့် အင်ဒိုနီးရှားတို့သည် ကုန်သွယ်မှုဆက်ဆံရေးခိုင်မာစေရန်နှင့် နယူးဇီလန် ၏အသားနှင့်နို့ထွက်ပစ္စည်းကဏ္ဍများအတွက် အခွင့်အလမ်းသစ်များဖွင့်ပေးရန်အတွက်ရည်ရွယ် သည့် အထင်ကရဟာလာလ် ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ ကြောင်း နယူးဇီလန်အစိုးရက ဇွန်လ ၁၆ ရက်နေ့တွင်ပြောကြားခဲ့သည်။ လူဦးရေသန်းပေါင်း ၂၈၀ ရှိပြီး လူလတ်တန်းစားများ လျှင်မြန်စွာတိုးပွားလျှက်ရှိသော အင်ဒိုနီးရှားနိုင်ငံသည် ၂၀၂၄ ခုနှစ် နယူးဇီလန်ဒေါ်လာ ၁.၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၆၆၄ သန်း) တန်ဖိုးရှိသော နယူးဇီလန် နို့ထွက်ပစ္စည်းနှင့်အသားများတင်သွင်းခဲ့ကြောင်းနယူးဇီလန်စိုက်ပျိုးရေးနှင့် ကုန်သွယ်ရေးဝန်ကြီး Todd McClay က ပြောကြားခဲ့သည်။ ဟာလာလ်ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်သစ်သည် ဟာလာလ်ထောက်ခံချက်နှင့် ထုတ်ကုန်အာမခံလုပ်ငန်းစဉ်များကို ချောမွေ့စေပြီး နယူးဇီလန်မှ တင်ပို့‌သူများအတွက် အင်ဒိုနီးရှားစျေးကွက်သို့ ဝင်ရောက်ရန်ပိုမိုလွယ်ကူစေမည်ဟု အစိုးရထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါသဘောတူညီချက်သည် အင်ဒိုနီးရှားစျေးကွက်တွင် ပရီမီယံ အရည်အသွေးမြင့်အစားအစာထုတ်ကုန်များအတွက်နယူးဇီလန်၏ ဂုဏ်သတင်းကို ပိုမို မြှင့်တင်နိုင်ရန်မျှော်လင့်ထားကြောင်း ကျွမ်းကျင်သူများကပြောကြားခဲ့သည်။

DOCA(ရန်ကုန်)