
၂၀၂၅ ခုနှစ်၏ ပထမ ၅ လတာကာလတွင် ကမ္ဘောဒီးယား၏ ဒေသတွင်းဘက်ပေါင်းစုံ စီးပွားရေးမိတ်ဖက် (RCEP) နိုင်ငံများနှင့် ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၁၆.၄၇ ထိ ရောက်ရှိ ခဲ့ပြီး ၂၀၂၄ ခုနှစ် တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၁၆.၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း စီးပွား ကူးသန်းဝန်ကြီးဌာန၏ ဇွန်လ ၁၃ ရက်နေ့က ထုတ်ပြန်ချက်အရ သိရပါသည်။ ကမ္ဘောဒီးယား သည် ထို ၅ လတာကာလအတွင်း RCEP နိုင်ငံများသို့ အမေရိကန်ဒေါ်လာ ၄.၃ ဘီလီယံတန်ဖိုး တင်ပို့ခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရ ပါသည်။ တစ်ချိန်တည်းမှာပင် နိုင်ငံသည် RCEP နိုင်ငံများထံမှ အမေရိကန်ဒေါ်လာ ၁၂.၁၇ ဘီလီယံတန်ဖိုးတင်သွင်းခဲ့ပြီး ယခင်နှစ် တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၁၉.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ကမ္ဘောဒီးယား၏ RCEP အဖွဲ့ဝင်နိုင်ငံများအနက် ထိပ်တန်း ကုန်သွယ်ဖက် ၅ နိုင်ငံမှာ တရုတ်၊ ဗီယက်နမ်၊ ထိုင်း၊ ဂျပန်နှင့် အင်ဒိုနီးရှားနိုင်ငံတို့ဖြစ်ကြောင်း သိရပါသည်။ စီးပွားကူးသန်းဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်သူ Penn Sovicheat ကမ္ဘာ့ အကြီးမားဆုံးကုန်သွယ်ရေးစာချုပ်သည် ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးအရှိန်မြှင့်တင်ရာတွင် အဓိကကဏ္ဍကပါဝင်ကြောင်းနှင့် RCEP သည်ပို့ကုန်ရေရှည်ကြီးထွားရန်နှင့် ကမ္ဘောဒီးယားသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများပိုမိုဆွဲဆောင်ရန် အရေးပါကြောင်း ပြောကြားခဲ့ပါသည်။ RCEP အဖွဲ့ ကို အာဆီယံ ၁၀ နိုင်ငံနှင့် ၎င်းတို့၏ထိပ်တန်းကုန်သွယ်ဖက် ၅ နိုင်ငံဖြစ်သည့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဩစတေးလျနှင့် နယူးဇီလန်တို့နှင့် ဖွဲ့စည်းထားကြောင်း သိရပါသည်။
Khmer Times DOCA (ရန်ကုန်)