
ယခုနှစ်၏ ပထမ ၅ လတာကာလတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ကမ္ဘောဒီးယား၏ ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၇.၂ ဘီလီယံတန်ဖိုးရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့် ကာလနှင့်နှိုင်းယှဉ်ပါက ၅.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း စီးပွားကူးသန်းဝန်ကြီးဌာန၏ ဇွန်လ ၁၆ ရက်နေ့ကထုတ်ပြန်ချက်အရ သိရပါသည်။ ထို ၅ လတာကာလအတွင်းကမ္ဘောဒီးယားသည် အာဆီယံနိုင်ငံများသို့ အမေရိကန်ဒေါ်လာ ၂.၇ ဘီလီယံတန်ဖိုးရှိသောကုန်ပစ္စည်းများတင်ပို့ခဲ့ပြီး ယခင်နှစ်တူညီသည့်ကာလထက် ၁၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ တစ်ချိန်တည်း မှာပင် နိုင်ငံသည် အမေရိကန်ဒေါ်လာ ၄.၅ ဘီလီယံတန်ဖိုးရှိသောကုန်ပစ္စည်းများကို အာဆီယံ ထံမှတင်သွင်းခဲ့ပြီး ယခင်နှစ်တူညီသည့်ကာလထက် ၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါ သည်။ ထိုကာလအတွင်း ကမ္ဘောဒီးယား၏ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ကုန်သွယ်မှုပမာဏမှာ နိုင်ငံ၏ စုစုပေါင်းကုန်သွယ်မှုပမာဏ၏ ၂၈.၂ ရာခိုင်နှုန်းရှိကြောင်း သိရပါသည်။ အာဆီယံတွင် ကမ္ဘောဒီးယား၏အကြီးမားဆုံးကုန်သွယ်ဖက် ၅ နိုင်ငံမှာ ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ စင်ကာပူ နှင့် မလေးရှားတို့ဖြစ်ကြောင်း သိရပါသည်။ ကမ္ဘောဒီးယား-အာဆီယံစီးပွားရေး ညီလာခံ၌ ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet က အာဆီယံသည် ကမ္ဘာ့ ၅ ခုမြောက်စီးပွားရေး အကြီးမားဆုံးဆိုသည့် ၎င်း၏ဂုဏ်ပုဒ်နှင့်အတူ တည်ငြိမ်မှုနှင့် ချမ်းသာကြွယ်ဝမှု၏ ပုံရိပ်အဖြစ် တည်ထောင်လျှက်ရှိကြောင်းနှင့် ဒေသတွင်းဘက်ပေါင်းစုံစီးပွားရေးမိတ်ဖက်သဘောတူညီချက်သည် ဒေသတွင်းပေါင်းစပ်ဆောင်ရွက်မှုနက်ရှိုင်းရန်နှင့် အပြန်အလှန်အကျိုးရှိသော စီးပွားရေးနှင့် ကုန်သွယ်ရေးဆက်နွယ်မှု အရှိန်မြှင့်တင်ရန်အတွက် အာဆီယံ၏ ကတိကဝတ်ပြုမှုကို ဆက်လက်ခိုင်မာစေခဲ့ကြောင်း ပြောကြားခဲ့ပါသည်။
Khmer Times DOCA (ရန်ကုန်)