
ကမ္ဘောဒီးယားစီးပွားကူးသန်းဝန်ကြီးဌာန(MoC)သည်ကုန်သွယ်မှုမြှင့်တင်ရန်၊ ရင်းနှီးမြှုပ်နှံ မှုဆွဲဆောင်ရန်နှင့် စီးပွားရေးချိတ်ဆက်မှုအားကောင်းရန်အတွက် ယူကေတွင် ကမ္ဘောဒီးယား ပုဂ္ဂလိကစီးပွားရေးစင်တာတည်ထောင်ရန် ရည်ရွယ်၍ လန်ဒန်မြို့နှင့် ဘာမင်ဂမ်မြို့သို့ ဇွန်လ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့ထိ သွားရောက်ခဲ့ကြောင်း သိရပါသည်။ ဝန်ကြီးဌာန၏ ဇွန်လ ၁၇ ရက်နေ့ ကထုတ်ပြန်ချက်အရ ယူကေတွင်အဆိုပြုထားသည့်စင်တာသည် ကမ္ဘောဒီးယားထုတ်ကုန်များ ပြသရန်နှင့် ဗြိတိန်စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံသူများအားဆွဲဆောင်ရန်အတွက် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားကဏ္ဍနှင့် ရိုးရာယဉ်ကျေးမှုတို့အပေါ် သတင်းအချက် လက်ပံ့ပိုးပေးရာစင်မြင့်အနေဖြင့်ဆောင်ရွက်ပေးမည်ဟု သိရပါသည်။ အလည်အပတ်ခရီးစဉ် အတွင်း ကိုယ်စားလှယ်အဖွဲ့ကိုဦးဆောင်လာသည့် MoC ၏ Secretary of State ဖြစ်သူ Seang Thay သည် စီးပွားရေးစင်တာကနဦးဆောင်ရွက်မှုဆွေးနွေးရန်နှင့် နှစ်နိုင်ငံကြားကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရန်အလားအလာကို ရှာဖွေရန်အတွက် ယူကေဆိုင်ရာ ကမ္ဘောဒီးယား သံအမတ် Tuot Panha နှင့်တွေ့ဆုံခဲ့ကြောင်း သိရပါသည်။ အစည်းအဝေးအတွင်း သံအမတ်က စင်တာတည်ထောင်မည့်ကိစ္စနှင့်ပတ်သတ်၍ အားကောင်းသောထောက်ခံမှုကိုဖော်ပြခဲ့ပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်မည့်အလားအလာကို အသားပေးပြောကြားခဲ့ကာ ဗြိတိန် ကုမ္ပဏီများအား ကမ္ဘောဒီးယားတွင်ရင်းနှီးမြှုပ်နှံရန်တိုက်တွန်းအားပေးခဲ့ကြောင်း သိရပါသည်။
Khmer Times DOCA (ရန်ကုန်)