Main menu

“ကော့မှူးမြို့နယ်ပျားမွှတ်ကျေးရွာ၌မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပခြင်း ”

Powered by Drupal

             ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပျားမွှတ်ကျေးရွာနှင့် ဝါးဘ လောက်သောက်ကျေးရွာ၊ ရွာချင်းဆက် ကွန်ကရစ်လမ်းဘေးဝဲယာ၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဇွန်လ(၁၇)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။

             ရှေးဦးစွာ တွံတေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်မှ အဖွဲ့ဝင်(၂) ဦးဝင်းထွန်းနိုင်က မိုးရာသီ ကာလတွင် နိုင်ငံတော်အနေဖြင့် နှစ်စဉ်အရိပ်ရ သစ်ပင်စိုက်ပျိုးရေး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သစ်ပင်များစိုက်ပျိုးမှုမှ အရိပ်ရ အပင်များ တိုးပွားလာခြင်း၊ လေထုအရည်သွေးကို မြှင့်တင်ပေးနိုင်ခြင်းနှင့် ဖန်လုံအိမ် ဓာတ်ငွေ့ကို လျော့ကျစေနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေလျက်ရှိပြီး သဘာဝဘေးအန္တရာယ်နှင့် ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်ကိုလဲ လျော့ကျစေခြင်း စသည်တို့အား ပြောကြားခဲ့ပြီး ကော့မှူးမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးမင်းနှင့် သက်ဆိုင်ရာဌာနများမှ အကြီးအကဲ များ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များ၊ ရပ်မိရပ်ဖ လူကြီးများ၊ ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ၊ ရွာသူရွာသားများက မန်ဂျန်ရှား (၃၀၀)ပင်တို့အား သတ်မှတ်နေရာများတွင် စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)