Main menu

ဘိုကလေးဈေးအတွင်းရှိ အချိုရည်ဘူးနှင့်မုန့်မျိုးစုံ ရောင်းချသည့်ဆိုင်များအား စစ်ဆေးခြင်း

Powered by Drupal

             စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော်(ရုံးအုပ်)နှင့် ဝန်ထမ်းများ၊ ဈေးစည်ပင်တာဝန်ခံတို့နှင့် ပူးပေါင်း၍ ၁၇.၆.၂၀၂၅ ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ဘိုကလေးဈေးအတွင်းရှိ အချိုရည်ဘူးများနှင့်မုန့်မျိုးစုံ ရောင်းချသည့် ဆိုင်များ အား  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ စစ်ဆေးရာတွင် ဆိုင်အတွင်းရှိ အချိုရည်အမျိုးမျိုးအား  စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၈)ရှိ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာ ရေးသားဖော်ပြထာခြင်းရှိ/ မရှိတို့ကို စစ်ဆေးခဲ့ပြီး  ကုန်ပစ္စည်းအတုအပများ မရောင်းချမိစေရေး အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)