Main menu

အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

         အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် ယခင်အပတ်(၂၁.၇.၂၀၂၂)ရက်နေ့နှင့် ယခုအပတ်(၂၇.၇.၂၀၂၂)ရက်နေ့အတွင်း နှမ်းဖြူနှင့်နှမ်းနီမှာ (၄၅)ပိဿာ(၁)အိတ်လျှင် ယခင်အပတ် (၁၈၀၀၀ဝိ/-)  ယခုအပတ် (၁၈၀၀၀ဝိ/-)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း သိရှိရပါသည်။

         ပဲမျိုးစုံဈေးကွက်တွင် မတ်ပဲ (၂၀)ပိဿာ(၁)အိတ်လျှင် ယခင်အပတ်(၅၀၀၀ဝိ/-) ယခုအပတ် (၅၀၀၀ဝိ/-)၊ ဘိုကိတ်ပြာ ယခင်အပတ်(၃၃၀၀ဝိ/-) ယခုအပတ် (၃၃၀၀ဝိ/-)ဖြစ်၍ ဈေးနှုန်းပြောင်းလဲ မှုမရှိသော်လည်း၊ ပဲတီစိမ်းမှာ ယခင်အပတ်(၄၈၀၀ဝိ/-) ယခုအပတ် (၄၆၀၀ဝိ/-) ဖြစ်၍ (၂၀၀ဝိ/-) ဈေးလျော့နည်းခဲ့ကြောင်း၊ ပဲစဉ်းငုံနီ ယခင်အပတ်(၄၅၅၀ဝိ/-) ယခုအပတ်(၄၆၆၀ဝိ/-)ဖြစ်၍ (၁၁၀ဝိ/-) ဈေးမြင့်တက်ခဲ့ကြောင်း၊ ကုလားပဲ(H.L) ယခင်အပတ်(၅၀၅၀ဝိ/-) ယခုအပတ်(၅၂၀၀ဝိ/-)ဖြစ်၍(၁၅၀ဝိ/-)ဈေးမြင့်တက်ခဲ့ကြောင်း၊ ကုလားပဲ (မြကြေး) ယခင်အပတ် (၅၁၀၀ဝိ/-) ယခုအပတ်(၅၂၀၀ဝိ/-)ဖြစ်၍ (၁၀၀ဝိ/-)ဈေးမြင့်တက်ခဲ့ကြောင်း၊ ပဲကြီးယခင် အပတ်(၇၁၀၀ဝိ/-) ယခုအပတ် (၇၀၀၀ဝိ/-)ဖြစ်၍ (၁၀၀ဝိ/-)ဈေးလျော့နည်းခဲ့ကာ မြေပဲလုံးဆံ(နီ) နှင့်မြေပဲလုံး ဆံဖြူမှာ (၁)ပိဿာလျှင် ယခင်အပတ်(၄၈၀ဝိ/-) ယခုအပတ်(၅၁၀ဝိ/-) ဖြစ်၍ (၃၀ဝိ/-) ဈေးမြင့်တက်ခဲ့ပြီး အရောင်းအဝယ်ပမာဏအနေဖြင့် နှမ်းဖြူ(၈၈) အိတ်၊ နှမ်းနီ(၁၂၅)အိတ်၊ ပဲစဉ်းငုံ(နီ)(၃၈၀)အိတ်၊ မတ်ပဲ(၂၂၀)အိတ်၊ ကုလားပဲ(HL) (၉၀၀)အိတ်၊ ကုလားပဲ(မြကြေး)(၈၅၀)အိတ်၊ ဘိုကိတ်ပြာ(၃၂၀)အိတ်၊ ပဲကြီး(၄၃၀)အိတ်၊ မြေပဲလုံးဆံနီ (၁၈၀)အိတ်၊ မြေပဲလုံးဆံဖြူ(၂၁၅)အိတ်၊ ပဲတီစိမ်း(၉၅၀၀)အိတ်တို့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)