Main menu

ကရင်ပြည်နယ်ဒေသထွက် ရာသီစာ ဒူးရင်းသီးဈေးနှုန်း

Powered by Drupal

   ၂၀၂၅ ခုနှစ်၊‌ ဇွန်လ တတိယပတ်တွင် ကရင်ပြည်နယ် ဘားအံမြို့အတွင်း ဒူးရင်းသီးများ ဝင်ရောက် လျက်ရှိကြောင်း သိရှိရသည်။ ထိုဒူရင်းသီးများသည် ကရင်ပြည်နယ် ကော့ကရိတ်မြို့မှ ဒေသထွက် ဒူးရင်းသီး ဝင်ရောက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

   ဒူးရင်းသီးလို့ဆိုလိုက်ရင်ဖြင့် ဒူးရင်းသီးများထွက်ရှိရာ မွန်ပြည်နယ်အပြင် ကရင်ပြည်နယ်ကိုပါ တွဲမြင်မိကြသည်။ ဒူးရင်းသီးကို မွန်ပြည်နယ်အပြင် ကရင်ပြည်နယ်ရှိ မြို့နယ်များမှာလည်း ထွက်ရှိကြ သည်။ ကရင်ပြည်နယ်အတွင်း ဒူးရင်းသီးထွက်ရှိသောမြို့နယ်များမှာ သံတောင်ကြီး၊ ဖာပွန်၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး မြို့နယ်များတွင် ရာသီစာဒူးရင်းသီးများထွက်ရှိကြသည်။ ဒူးရင်းသီးကို စားသုံးခြင်း အားဖြင့် အစာအခြေစနစ်ကျန်းမာခြင်း၊ နှလုံးသွေးကြောရောဂါ ကာကွယ်ခြင်း၊ သွေးတွင်းသကြားဓာတ် ထိန်းပေးနိုင်ခြင်း၊ သွေးပေါင်ချိန်ထိန်းညှိပေးခြင်း၊ ကိုယ်အလေးချိန်တက်စေခြင်း၊ ကိုယ်ခံအားကောင်း စေခြင်း၊ ကင်ဆာဖြစ်နိုင်ခြေကိုလျှော့ချပေးခြင်း၊ အရိုးအဆစ်သန်မာစေခြင်း၊ သွေးအားနည်းတာကို သက်သာစေခြင်း စသည့် အကျိုးကျေးဇူးများရှိသည်။ အနံ့အီဆိမ့်ပြီး စားလိုက်ရင် ဘယ်လောက်စားစား မဝနိုင်တဲ့ ဒူးရင်းသီးလေးကိုတော့ ကြိုက်တဲ့သူများရှိသလို မကြိုက်တဲ့သူများလည်းရှိကြသည်။

   ကရင်ပြည်နယ်ဒေသထွက် ဒူးရင်းသီးဈေးနှုန်းမှာ အလုံးသေး တစ်လုံးလျှင် (၉,၀၀၀/၁၂,၀၀၀) ကျပ်၊ အလုံးလတ် တစ်လုံးလျှင် (၁၈,၀၀၀/၂၀,၀၀၀)ကျပ်၊ အလုံးကြီးတစ်လုံးလျှင် (၂၅,၀၀၀/ ၃၀,၀၀၀) ကျပ် အထိ ဈေးနှုန်းများရှိကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)