Main menu

မိတ္ထီလာမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးပစ္စည်း အရောင်းဆိုင်များအားကွင်းဆင်းစစ်ဆေး

Powered by Drupal

               စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှု ဖြင့် မိတ္ထီလာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ နယ်စည်ပင်သာယာရေးအဖွဲ့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် မိတ္ထီလာမြို့မဈေးကြီးအတွင်းရှိ စိုက်ပျိုးရေးပစ္စည်းအရောင်းဆိုင်များ၌  ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

               ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင်  စိုက်ပျိုးရေးအရောင်းဆိုင်များ၌  တရားမဝင် ပိုးသတ်ဆေးနှင့် ပေါင်းသတ်ဆေးများရှိ/ မရှိ၊ CPA သတ်တမ်းလွန်နေခြင်းရှိ/ မရှိ၊ ရောင်းချခွင့် လိုင်စင်များရှိ/ မရှိ၊ စိုက်ပျိုးရေးဆေးရောင်းချသူများသည် စိုက်ပျိုးရေးမှဖွင့်လှစ်သော သင်တန်းများ တက်ရောက်ထားခြင်းရှိ/ မရှိစစ်ဆေးခဲ့ကြောင်း၊ စိုက်ပျိုးရေးအရောင်းဆိုင်များမှ စိုက်ပျိုးရေး သုံးပစ္စည်းများ ရောင်းချရာတွင် လက်အိတ်၊ mask များတပ်ဆင်၍ ရောင်းချရေး၊ ဆေးကြောရန် ရေဘေစင်များထားရှိရေး၊ ရောင်းချသည့် အရောင်းဆိုင်များ၏ လေဝင်၊ လေထွက် ကောင်းမွန်စေရန်၊ ဆေးရောင်းချသည့် ဆိုင်များအတွင်း ကလေးသူငယ်များနှင့် အစားသောက်များ မထားရှိရေး၊သက်ဆိုင်ရာ ဥပဒေလုပ်ထုံးလုပ်နည်း စည်းကမ်းချက်များနှင့် အညီ လိုက်နာဆောင်ရွက်နိုင်ရေး အသိပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)