ကွမ်းသီးနှင့်သီဟိုများသည် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီးနှင့်မွန်ပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။ ကွမ်းသီးတွင် ကွမ်းသီးအလုံးစျေးနှင့် ကွမ်းသီးခွဲခြမ်း စျေးဟူ၍ စျေးနှုန်း (၂)မျိုးရှိပြီး သီဟိုစေ့တွင် အခွံမချွတ်ရသေးသောအပင်မှ ဆွတ်ခူးသော အသီး အကြမ်းစျေးနှင့် အခြောက်လှန်းသန့်စင်ပြီး အချောစျေးဟူ၍ စျေးနှုန်း (၂)မျိုးရှိကြောင်းသိရှိရပြီး ယခု ဇူလိုင် ၂၈ ရက်တွင် ဖြစ်ပေါ်လျက်ရှိသော ကွမ်းသီးစျေးမှာ ကွမ်းသီးအလုံး(အခွံမပါ) တစ်ပိဿာလျှင် (၅၈၀ဝိ/-)နှုန်း နှင့် ကွမ်းသီးခွဲခြမ်း တစ်ပိဿာလျှင် (၅၈၀ဝိ/-)နှုန်းရှိပြီး ရန်ကုန် စျေးကွက်သို့ တင်ပို့သောစျေးမှာ တစ်ပိဿာလျှင် (၆၂ဝဝိ/-)နှုန်းစျေးပေါက်နေကြောင်းနှင့် သီဟိုစေ့ စျေးနှုန်းမှာ သီဟိုစေ့အကြမ်း တစ်ပိဿာလျှင် ၄၄၀၀ ကျပ်ရှိပြီး သီဟိုအချော တစ်ပိဿာလျှင် ၂၆၃၀၀ ကျပ်ရှိကြောင်းစုံစမ်းသိရှိရပါသည်။
ကွမ်းသီးစျေးနှင့် သီဟိုစျေး(၂)မျိုးလုံးမှာ စျေးနှုန်းမြင့်တက်လျက်ရှိ၍ အရောင်းအဝယ် သွက်လျက်ရှိကြောင်းသိရှိရပြီး သယ်ယူပို့ဆောင်ခ (ကားခ) တစ်ပိဿာလျှင် (၉ဝိ/-) (၁ဝဝိ/-)နှုန်းရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)