Main menu

ကသာမြို့၌ ကြက်သွန်နီဈေးနှုန်း မြင့်တက်နေ

Powered by Drupal

           ကသာခရိုင်အတွင်းသို့ မန္တလေး၊ မုံရွာ၊ ခင်ဦး၊ ရေဦးဘက်များမှ ကြက်သွန်နီများ ပုံမှန်ဝင်ရောက်လျက်ရှိပြီး ယခုတစ်ပတ်အတွင်း မန္တလေး၊ မုံရွာဘက်မှ (၃၅)ပိဿာပါ အိတ်(၈၀)ခန့်နှင့် ခင်ဦး၊ ရေဦးဘက်မှ (၃၅)ပိဿာပါ အိတ်(၅၀)ခန့် ဝင်ရောက်ကြောင်း သိရသည်။

          ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ကြက်သွန်နီ ဈေးနှုန်းမှာ လက်ကား တစ်ပိဿာလျှင် အကြီး၊ အလတ်၊ အသေးပေါ်မူတည်၍ (၂၂၀၀၊ ၂၀၀၀၊ ၁၈၀၀)ကျပ်ခန့်ရှိပြီး လက်လီ တစ်ပိဿာလျှင် အကြီး (၂၅၀၀) ကျပ် ၊အလတ်( ၂၃၀၀)နှင့် ၊ အသေး (၂၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ဇူလိုင်လ ပထမပတ်အတွင်း ကြက်သွန်နီ(ကြီး/လတ်/သေး) လက်လီတစ်ပိဿာလျှင် (၂၃၀၀/၂၀၀၀/၁၇၀၀၀) ကျပ်သာရှိသည့်အတွက် ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်အတွင်း ကြက်သွန်နီဈေးနှုန်း မြှင့်တက်လာကြောင်း သိရှိရပါသည်။ 

DOCA(စစ်ကိုင်း)