
စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ပျော်ဘွယ်မြို့နယ်နှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် မလှိုင်မြို့နယ်အတွင်းရှိ နယ်မြေ(၄)၊ အမှတ်(၄) ရပ်ကွက်ရှိ မလှိုင်သီတာ စားသောက်ကုန်လုပ်ငန်း၊ ပျော်ဘွယ်မြို့နယ် ရွှေပြည်ရန်နိုင်ရပ်ကွက်ရှိ Amazing ကိတ်မုန့်လုပ်ငန်း လုပ်ကိုင်ရာတွင် ကုန်အညွှန်းအမှတ်အသားများဖော်ပြခြင်းနှင့် ဈေးကွက်အတွင်း ဖြန့်ဖြူး ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားများ ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူ ရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၊ စစ်ဆေးရာတွင် ပူးပေါင်းပါဝင်ခဲ့သည့် ဌာနများနှင့်အတူ ကွင်းဆင်း စစ်ဆေးခဲ့ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအား ပစ္စည်းများ၏ ထုတ်ပိုးမှုအပြင်အဆင်ပေါ်တွင် စားသုံးသူ ကာကွယ်ရေး ဥပဒေပါ အခန်း (၁၈) ၌ ပါရှိသည့် ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာပါရှိစေရန် နှင့် ထုပ်ပိုးသည့် ကုန်ပစ္စည်းများအား သန့်ရှင်းသပ်ရပ်စေရန်နှင့် ဈေးကွက်အတွင်းတင်ပို့ရောင်း ချရာ တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိသည့် ပစ္စည်းများကိုရောင်းချပါရန် အသိပညာ ပေးဟောပြောခဲ့ပါသည်။
DOCA(မန္တလေး)