Main menu

မာန်ပြေရပ်ကွက်အတွင်းရှိ ဆေးဆိုင်များအား သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းကွင်းဆင်း ဆောင်ရွက်ခြင်း

Powered by Drupal

              စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း (ဌာနခွဲ စာရေး)နှင့် ဝန်ထမ်းများသည် (၁၉.၆.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ သာကေတမြို့နယ်၊ မာန်ပြေ ရပ်ကွက်အတွင်းရှိ ဆေးပစ္စည်းများ ရောင်းချလျက်ရှိသော ဆေးဆိုင်များတွင် ဆေးပစ္စည်းပြတ်လပ်မှုနှင့် ဈေးနှုန်းများ မြင့်တင်ရောင်းချခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

            အဆိုပါ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အများပြည်သူများသုံးစွဲရာတွင် အချို့သော ဆေးပစ္စည်းများပြတ်လပ်သော်လည်း အခြားသောကုမ္ပဏီများမှ အာနိသင်တူညီ သောဆေးဝါးများ အစားထိုးတင်သွင်းသည့်အတွက် ဆေးဝါးပြတ်လပ်မှုမရှိကြောင်းနှင့် ဆေးပစ္စည်းများအား ဈေးနှုန်းမြင့်တင်ရောင်းချခြင်းများ မတွေ့ရှိပါကြောင်း ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)