Main menu

ဒေးဒရဲမြို့ Cold World ရေသန့်စက်ရုံသို့ MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဇွန်လ (၁၇) ရက်နေ့ ၊နံနက် (၁၀:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့ (၂) ရပ်ကွက်ရှိ Cold World ရေသန့်စက်ရုံသို့ MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်း စစ်ဆေးခဲ့ကြပါသည်။

     အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် Cold World ရေသန့်စက်ရုံပိုင်ရှင်မှ တစ်နေ့ ရေသန့် ထုတ်လုပ်မှုအနေဖြင့် 20 Litre ဘူးကြီး (၁၅၀) ထုတ်လုပ်ပြီး 1 Litre ဘူး (၃၀၀) ဘူးခန့် ၊ 0.3 Litre ဘူး (၁၂၀၀) ခန့် ထုတ်လုပ်လျက်ရှိပြီး ရောင်းချမှုအနေဖြင့် ဒေးဒရဲမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များကို အဓိကထား‌ရောင်းချပြီး ဖျာပုံမြို့နယ်သို့လည်း ဖြန့်ဖြူးရောင်းချလျက်ရှိပါကြောင်းသိရပါသည်။ လုပ်သားအင်အား (၅) ဦးခန့်ရှိပြီး လုပ်ခလစာ တစ်လလျှင် (၁၉၀၀၀၀) ခန့်ပေးချေရပြီး စက်မှုကြီးကြပ်လိုင်စင်နှင့်FDA ထောက်ခံချက်အမှတ် များ ရရှိထားပြီး ဖြစ်ကြောင်း တွေ့ရှိရပါသည်။ ထို့နောက် မြို့နယ်တာဝန်ခံမှ ရေသန့်ဘူးများ ထုတ်လုပ်ရာတွင် သန့်ရှင်းသပ်ရပ်မှုနှင့် စနစ်ကျသော ထုတ်လုပ်မှုဖြစ်စေရန် လိုအပ်ကြောင်း မှာကြားခဲ့ပြီး MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက်ကွင်းဆင်းစိစစ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(ဧရာဝတီ)