Main menu

စိုက်ပျိုးရာသီဓါတ်မြေဩဇာဈေးနှုန်းဈေးကွက်

Powered by Drupal

              ဇွန်၊ ဇူလိုင်လ၊ ဩဂုတ်၊ စက်တင်ဘာလများသည် မြန်မာနိုင်ငံ၏ မုတ်သုန်မိုးဝင်၍ မိုးရာသီသို့ ရောက်ရှိပြီး၊ တောင်သူလယ်သမားများအနေဖြင့် မိုးရေကို အဓိကထား၍ လယ်ယာစိုက်ပျိုးရေးကို လုပ်ကိုင်လျက်ရှိပါသည်။ စိုက်ပျိုးသည့်စပါးပင်များ အထွက်နှုန်း ကောင်းရန်အတွက် လိုအပ်လျက်ရှိသော မြေပြုပြင်ခြင်း၊ သဘာဝမြေဩဇာများထည့်ခြင်းဖြင့် ဓါတ်မြေဩဇာများကိုလည်း လိုအပ်သလို အသုံးပြု၍ စိုက်ပျိုးလျက်ရှိကြောင်း တွေ့ရှိရပါသည်။

          လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် လိုအပ်လျက်ရှိသော ဓါတ်မြေဩဇာဈေးနှုန်းများကို စိုက်ပျိုးရေးအရောင်းဆိုင်များမှ စုံစမ်းမေးမြန်းစာရင်း ကောက်ယူ၍ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ အပတ်စဉ်ဈေးနှုန်းစာရင်းများ ပေးပို့လျက် ရှိပါသည်။ ၂၈.၆.၂၀၂၂ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မာလာမြိုင်စိုက်ပျိုးရေးအရောင်းဆိုင်ကြီးမှ ဈေးနှုန်းကောက်ယူရရှိသော ဓါတ်မြေဩဇာအမျိုးအစားအလိုက် ဈေးနှုန်းများမှာ နေရွက်လှေ (50 Kg) တစ်အိတ်လျှင် (15 : 15 : 15)၉၇၀၀၀/-၊ Urea (50 Kg)တစ်အိတ်လျှင် ၉၇၀၀၀/-၊ T.S.P (50 Kg) တစ်အိတ်လျှင် ၉၈၀၀၀/- နှင့် M.O.P (50 Kg)တစ်အိတ်လျှင် ၉၄၅၀၀/- ဖြစ်၍ ယခင်လများနှင့် ဈေးနှုန်းများ နှိုင်းယှဉ်ကြည့်လျှင် ဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိကြောင်း သိရှိရပြီး၊ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေသူများအတွက် လိုအပ်ပါကလည်း စိုက်ပျိုးရေး လုပ်ငန်းသုံးပစ္စည်းများ၊ ဓါတ်မြေဩဇာများနှင့် ပိုးသတ်ဆေးများကို ဈေးနှုန်းမှန်ကန်စွာဖြင့် လက်လီ/လက်ကား ရောင်းချပေးနေကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)