Main menu

ကျိုက်ထိုမြို့နယ်အတွင်းရှိ စတိုးဆိုင်များတွင် ရောင်းချလျက်ရှိသော သွားတိုက်ဆေးအမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

  ၁၇.၆.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်တာဝန်ခံ ဦးဇော်ဦးသည် မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကျိုက်ထို မြို့နယ်အတွင်းရှိ စတိုးဆိုင်များတွင် ရောင်းချလျက်ရှိသော သွားတိုက်ဆေးအမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

  ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကျိုက်ထိုမြို့နယ်အတွင်းရှိ ရောင်းချလျက်ရှိ သော စတိုးဆိုင်များရှိ သွားတိုက်ဆေးအမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ၊ ဘေးအန္တရာယ်ဖြစ်နိုင်ခြေ ရှိ/မရှိ သွားတိုက်ဆေးတစ်မျိုးချင်းစီအလိုက် ဘေးအန္တရာယ်ဖြစ်နိုင်မှုအခြေအနေ၊ ကြိုတင်သတိပေး ထားချက်မရှိသော သွားတိုက်ဆေးအမျိုးမျိုးတို့အား ရောင်းချခြင်းမပြုရန် အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA (မွန်)