Main menu

သထုံမြို့နယ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲကျင်းပ

Powered by Drupal

  ၁၉.၆.၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန မှ ဝန်ထမ်းများသည် သထုံမြို့နယ်၊ ကန်ညီနောင်ရပ်ကွက်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်း တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။

   အဆိုပါ ဟောပြောပွဲကျင်းပပြုလုပ်ရာတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမိုးသိန်းက အဖွင့်အမှာစကားပြောကြားပြီး သထုံမြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းက စားသုံးသူကာကွယ် ရေးဥပဒေပါ စားသုံးသူအခွင့်အရေး (၈) ချက်နှင့် တာဝန် (၄) ချက်အကြောင်း ရှင်းလင်းဆွေးနွေး ပြီး၊ ဒေါ်တိုးတိုးကျော် ဒုတိယဦးစီးမှူးက ကုန်အညွှန်းအမှတ်အသားအကြောင်း သိကောင်းစရာ ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခဲ့ပြီး ဆွေးနွေးပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမ (၅) ဦး၊ ကျောင်းသား/ကျောင်းသူ (၁၆) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA (မွန်)