
၂၀.၆.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၏ လပိတ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးနှင့် ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲကို မွန်ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဦးစီးမှူးရုံး၊ မော်လမြိုင်ခရိုင်ရုံးမှ ဝန်ထမ်းများတက်ရောက် ခဲ့ပြီး သထုံခရိုင်ရုံးမှ ဝန်ထမ်းများမှ Zoom ဖြင့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
ပထမဦးစွာ ပြည်နယ်ဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားရာတွင် မြို့နယ်၊ ခရိုင်များမှ စားသုံးဆီရောင်းချမှုများကို တိတိကျကျကြီးကြပ်ဆောင်ရွက်ရန်၊ စားသုံးသူရေးရာကော်မတီကို ခရိုင်များ၌ ဖွဲ့စည်းနိုင်ရေးဆောင်ရွက်ရန်၊ မြေကိစ္စကို ဂရုစိုက်ဆောင်ရွက်ရန်၊ သတင်းရေးသားမှု များကိုလည်း မြို့နယ်များမှ အလေးထား၍ ရေးသားပေးပို့ရန်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြ ခြင်းနှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်များအား စည်းရုံးဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယပြည်နယ်ဦးစီးမှူးက ယခုဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲတွင် ဝန်ထမ်းများအနေဖြင့် မိမိတို့၏ အခက်အခဲများကို ပွင့်ပွင့်လင်းလင်းတင်ပြကြရန် ပြောကြား ခဲ့ပြီး စီမံရေးရာဌာနခွဲတာဝန်ခံက (၅/၂၀၂၅) ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ဝန်ထမ်းတစ်ဦးချင်းမှ ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ) (၆/၂၀၂၅) ကို (၁၂:၀၀) ချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
DOCA (မွန်)