Main menu

“ ခရမ်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌စာဖတ်ပြည်သူများအား Online Sale စနစ်နှင့်စပ်လျဉ်း၍သိကောင်းစရာများအားအသိပညာပေးဟောပြောခြင်း”

Powered by Drupal

             ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ်တာဝန်ခံသည် ဇွန်လ (၁၈)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ စာဖတ်သူပြည်သူများအား အွန်လိုင်းမှ တဆင့် ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဝယ်ယူခြင်းနှင့် စပ်လျဉ်းသည့် သိကောင်းစရာများကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူအခွင့်အရေးများဆုံးရှုံး၍ နစ်နာမှုများရှိလျှင် တိုင်ကြားမှုများအား ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိရာ တိုင်ကြားမှုအများဆုံးသည် Online စနစ်မှ တစ်ဆင့်ဝယ်ယူခြင်းကြောင့်ဖြစ်၍ စားသုံးသူအခွင့် အရေးများကို ထိရောက်စွာ ကာကွယ်နိုင်ရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန၊ အမိန့်ညွှန်ကြားချက်အမှတ် (၅၀/၂၀၂၃)ဖြင့် အွန်လိုင်းစနစ်ရောင်းချခြင်း လုပ်ငန်းကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်သည့် အမိန့်ကို ထုတ်ပြန်ခဲ့ပြီးဖြစ် ကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချမှုများသည် Facebook အပြင် အခြား Social Media များ ကပါ ဈေးရောင်းချပါက (Online Sale)လုပ်ငန်းများ မှတ်ပုံတင် လျှောက်ထားရမည်ဖြစ်ပါ ကြောင်းနှင့် မှတ်ပုံတင် လက်မှတ်ရရှိထားခြင်းမရှိဘဲ (Online Sale) လုပ်ငန်းလုပ်ကိုင်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်းနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ဦးစီးဌာန၏ Websiteဖြစ်သော www.ecomreg.gov.mm တွင်ဝင်ရောက်၍ Online Sale မှတ်ပုံတင်လျှောက်ထားနိုင်ကြောင်း နှင့် အွန်လိုင်းမှတဆင့် ဈေးဝယ်ရာတွင် စိစစ်သင့်သည့်အချက်များအား အသိပညာပေးခဲ့ပြီး နစ်နာမှုများရှိခဲ့လျှင်လည်း အလွယ်တကူတိုင်ကြားနိုင်သော စားသုံးသူရေးရာဦးစီးဌာန၏ Consumer Call Center  Hotline -1535 သို့တိုင်ကြားနိုင်ကြောင်းတို့အား အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)