Main menu

ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ ဇွန်လ (၁၇)ရက်နေ့၊ နေ့လယ် (၁၃:၃၀)နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ လွိုင်လင်မြို့ပေါ်ရှိ အသင့်စားစားသောက်ကုန်လုပ်ငန်းသို့ လုပ်ငန်းလုပ်ကိုင်ရာတွင် ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်  စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ အသင့်စားစားသောက်ကုန် အမျိုးမျိုးတွင် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာ ဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ဖြစ်စေ တွဲလျက်ဖြစ်စေဖော်ပြရမည် ဖြစ်ကြောင်းနှင့် ဈေးကွက်အတွင်းတင်ပို့ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိသည့် ကုန်ပစ္စည်းများကိုသာ ရောင်းချပါရန် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ရှမ်း)