Main menu

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ ဆန်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

            စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဉီးစီးမှူးနှင့်ဝန်ထမ်း များသည် (၁၉.၆.၂၀၂၅)ရက်နေ့ နေ့လယ်(၀၁:၃၀) နာရီအချိန်တွင် အမှတ်(၁၂၃/က)၊ ဗိုလ်အောင်ကျော် လမ်း၊ (၇)ရပ်ကွက်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ ရွှေလည်တိုင်ဆန်ဆိုင်သို့ ဈေးကွက် စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရောင်းချနေသော ဆန်အမျိုးအစားအလိုက် ဈေးနှုန်းများကို စားသုံးသူရေးရာဉီးစီးဌာနမှ ထုတ်ပြန်ထားသော သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်းရှိ/ မရှိ စစ်ဆေးကာ အခြေခံစားကုန်ပစ္စည်းများပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြှင့်မှုမရှိစေရေးနှင့် ဈေးနှုန်းများတည်ငြိမ်ရေးအတွက် ဆန်ဆိုင်များအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ သိုလှောင်ခြင်းများမပြုလုပ်ကြရန် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

 

                                                                                                         DOCA (ရန်ကုန်)