![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/မြို့သစ်.jpg?itok=vb3Oou0A)
မြို့သစ်မြို့နယ်ရှိ တောင်သူများအနေဖြင့် မိုးမြေပဲများ စတင်နှုတ်ဆွတ်နေပြီဖြစ်ပါသည်။ တောင်သူများ အဓိက စိုက်ပျိုးသည့် မြေပဲကတော့ ဗီယက်နမ်(ပဲဆံအဖြူ)အများဆုံး စိုက်ပျိုးကြပြီး စွန်တာနီ(ပဲဆံအနီ) ကတော့ အနည်းငယ်သာစိုက်ပျိုးကြကြောင်း သိရှိရပါသည်။
(၁) ဧကလျှင် မြေပဲတောင့် တင်း(၆၀)မှ (၉၀)အထိ ထွက်ရှိပါသည်။ မြေပဲအတောင့် တစ်တင်းလျှင် (၁၅၀၀ဝိ/-)မှ (၂၀၀၀ဝိ/-)ကျပ်အထိ ဈေးကောင်းရရှိနေသဖြင့် တောင်သူများအနေဖြင့် ယခုနှစ်တွင် ဝင်ငွေပိုမိုရရှိကြောင်းသိရှိရပါသည်။ (၁) ဧကကုန်ကျစရိတ်အနေဖြင့် မြေဩဇာ၊ စက်သုံးဆီဈေးကြီးမြင့် သည့်အတွက် (၄)သိန်းမှ (၅)သိန်းအထိ ကုန်ကျမှုရှိခဲ့သော်လည်း အထွက်နှုန်းပေါ်မူတည်၍ အကျိုး အမြတ်(၁) ဧကလျှင် (၅)သိန်းမှ (၈)သိန်းထိ ရရှိကြောင်းသိရှိရပါသည်။ မြို့သစ်မြို့နယ်အနေဖြင့် မိုးမြေပဲကို (၇၅၀၈)ဧက စိုက်ပျိုးထားကြောင်းလည်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။
DOCA(မကွေး)