Main menu

Sari Kamar သိုလှောင်ရုံသို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

  (၂၀.၆.၂၀၂၅)ရက်နေ့ နံနက်(၁၁:၃၀)နာရီအချိန်တွင် လှိုင်သာယာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဉီးစောတာကလူထူးဉီးဆောင်မှုဖြင့် မြို့မရဲစခန်းမှ ဒုရဲအုပ် လင်းဇော်၊ စိုက်ပျိုးရေးဉီးစီးဌာန၊ စက်မှုဇုန်ကြီးကြပ်ရေးကော်မတီနှင့် စားသုံးသူရေးရာဉီးစီးဌာနတို့ ပူးပေါင်းပါဝင်၍ Sari Kamar သိုလှောင်ရုံအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါ သည်။

  ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အမှတ်(၁၄၂)၊ ဆရာစံလမ်း၊ စက်မှုဇုန်(၂)၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်ရှိ Sari Kamar သိုလှောင်ရုံသို့ သွားရောက်ကာ သိုလှောင်ရုံအတွင်းရှိ ဆန်များ သည်ကမ္ဘာကုလသမဂ္ဂက ဆန်လိုအပ်သောနိုင်ငံများ ပေးပို့ရန်အတွက် သိုလှောင်ထားသော ဆန်များ ဖြစ်ကြောင်း သိရှိရပါသည်။

 DOCA (ရန်ကုန်)