
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ ညောင်ကုန်းကျေးရွာအုပ်စုတွင် နေထိုင်သူ ဦးမြင့်ဇော်ဦးမှ ငရုတ်သီးလှော်လုပ်ငန်းမှလာသော အညှော်အနံ့ဆိုးများကြောင့် ၎င်းလုပ်ကိုင်နေသော ဝက်မွေးမြူရေးလုပ်ငန်းအား များစွာထိခိုက်မှုအား တင်ပြတိုင်ကြားလာမှု အပေါ် ငရုတ်သီးလှော်လုပ်ငန်းလုပ်ကိုင်သူ ဦးဝင်းနိုင်၏ အလုပ်ရုံသို့ (၂၀.၆.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မိုးဆန်းပန်း၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခ့ ဦးတင်မင်းနှင့် မဆယ်ဆိမ့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးဦးစံလွင်တို့သည် ကော့မှူးမြို့နယ် ညောင်ကုန်းကျေးရွာအုပ်စု၊ ကွင်းအမှတ်(၃၀၂-A)၊ ကွင်းအမည်(ကျွန်းကလေး)၊ ဦးပိုင်အမှတ်၉၂၇)၊ ဧရိယာ(၂.၀၈)ဧက မြေနေရာသည် မွေးမြူရေးလုပ်ငန်းဖြင့် အခြားနည်းသုံးစွဲခွင့်ပြုမိန့်ကျထားပြီး ဝက်မွေးမြူရေးလုပ်ငန်းများလုပ်ကိုင်လျက်ရှိပြီး မွေးမြူရေးလုပ်ငန်းနှင့် ပေ(၁၀၀)ခန့်အကွာ၌ ဦးဝင်းနိုင်၏ ငရုတ်သီးလှော်ခြင်းလုပ်ငန်းမှလာသော အညှာ်နံ့ဆိုးများကြောင့် ဝက်မွေးမြူရေးလုပ်ငန်းအား ထိခိုက်မှုအပေါ် တင်ပြတိုင်ကြားလာမှုအား ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးနိုင်ပါရန်အတွက် တိုင်ကြားသူ ဦးမြင့်ဇော်ဦး (ဝက်မွေးမြူရေးလုပ်ငန်း)နှင့် တိုင်ကြားခံရသူ ဦးဝင်းနိုင် (ငရုတ်သီးလှော်ခြင်းလုပ်ငန်း)တို့အား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
DOCA (ရန်ကုန်)