Main menu

ကော့မှူးမြို့နယ်ဈေးကွက်အတွင်း Signal သွားတိုက်ဆေးအတုများ တင်သွင်းဖြန့်ဖြူးရောင်းချနေခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

  ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ဈေးကွက်အတွင်း Signal သွားတိုက်ဆေးအတုများ ဝယ်ယူဖြန့်ဖြူးရောင်းချနေခြင်း ရှိ/မရှိ ၂၃.၆.၂၀၂၅၊ နံနက်(၀၈:၀၀) နာရီအချိန်တွင် ရပ်ကွက်၊ ကျေးရွာများနှင့် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ဈေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

  ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံ ဦးအေးသွင်နှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းတို့ သည် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ Unilever EAC Myanmar Co.,ltd. မှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသည့် “Signal” အမှတ်တံဆိပ်သွားတိုက်ဆေး Signal Cavity Fighter Toothpaste 150g အား ဈေးကွက်အတွင်း ကုန်ပစ္စည်းအတုပြုလုပ်ရောင်းချနေသည်ကို တွေ့ရှိရသဖြင့် ကုန်ပစ္စည်းအတုများ ကော့မှူးမြို့နယ်ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေမှုအခြေအနေအား ဗိုလ်ချုပ်လမ်း၊ မကျီးတန်းရပ်ကွက်ရှိ တော်ဝင်စတိုး၊ စည်ပင်လမ်းပြည်တော်သာရပ်ကွက်ရှိ ရတနာလွင် ကုန်စုံဆိုင်နှင့် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ဈေးဆိုင်များသို့ “Signal” အမှတ်တံဆိပ်သွားတိုက်ဆေး ကုန်ပစ္စည်းအတုများ ဝယ်ယူဖြန့်ဖြူးရောင်းချနေခြင်း ရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)