Main menu

၂၀၂၄-၂၅ ခုနှစ် ၁၁ လအတွင်း နီပေါနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ဆက်လက်မြင့်တက်လာ

Powered by Drupal

    နီပေါနိုင်ငံ၏ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်၏ ၁၁ လအတွင်း နိုင်ငံခြားကုန်သွယ်မှုသည် ပို့ကုန်နှင့် သွင်းကုန်များမြင့်တက်လာခြင်းကြောင့် ၁၈.၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း အကောက်ခွန် ဦးစီဌာနမှ ဇွန်လ ၂၀ ရက်နေ့တွင်ထုတ်ပြန်ခဲ့သည်. စုစုပေါင်းကုန်သွယ်မှုသည် ယခင်နှစ်က ၁.၅၉ ထရီလီယံရူပီသို့ မြင့်တက်ခဲ့သည်။ ပို့ကုန်တင်ပို့မှုမှာ ၂၄၇.၅၇ ဘီလီယံရူပီသို့ ၇၇.၇၇ ရာခိုင်နှုန်း ရှိပြီး သွင်းကုန်တင်သွင်းမှုမှာ ၁၆၄၄.၇၉ ဘီလွယံရူပီသို့ ၁၃.၁၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ ကြောင်းသိရသည်။ အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် နီပေါနိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံများအဖြစ် ဆက်လက်တည်ရှိကြောင်း အကောက်ခွန်ဌာနမှ မှတ်ချက်ပြုခဲ့သည်။ နီပေါနိုင်ငံ ၏ ၂၀၂၄-၂၅  ဘဏ္ဍာ နှစ်ပြည်ပကုန်သွယ်မှုသည် ၂၀၂၄ ဇွန်လလယ်မှအစပြု၍ တိုးတက်လာခဲ့ ကြောင်းသိရသည်။

DOCA(ရန်ကုန်)