Main menu

အမေရိကန်နိုင်ငံသို့မော်တော်ယာဉ်တင်ပို့မှုကျဆင်းခြင်းကြောင့် ဂျပန်နိုင်ငံ၏ ကုန်သွယ်မှု လိုငွေပြသနေ

Powered by Drupal

            ဂျပန်နိုင်ငံသည်မေလတွင် ကုန်သွယ်မှုလိုငွေ ယန်း ၆၃၇.၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄.၄ ဘီလီယံ) စံချိန်တင်ခဲ့ပြီး နှစ်လဆက်တိုက် အနုတ်လက္ခဏာဆောင်ခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ၏ ဇွန်လ ၁၈ ရက်နေ့ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရသိရသည်။ လိုငွေပြမှုသည် အမေရိကန်သို့ မော်တော်ယာဉ်တင်ပို့မှု ကျဆင်းခြင်းကြောင့် ကြီးမားသောတွန်အားဖြစ်ခဲ့သည်ဟု အချက်အလက်များကဖော်ပြခဲ့သည်။ ပြီးခဲ့သည့်လတွင် ဂျပန်နိုင်ငံ၏ စုစုပေါင်းပို့ကုန်သည် ယန်း‌‌ငွေ ၈.၁၃၅၀ ထရီလီယံသို့ တစ်နှစ်ထက်တစ်နှစ် ၁.၇ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ အမေရိကန်သို့ တင်ပို့မှု သည် ၁၁.၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဒုတိယဆက်တိုက်ကျဆင်းခြင်းလည်းဖြစ်သည်။ အထူးသဖြင့် အမေရိကန်သို့ မော်တော်ယာဉ်တင်ပို့မှု ၂၄.၇ ရာခိုင်နှုန်းကျဆင်းသွားပြီး မော်တော်ယာဉ်၊ သံမဏိ၊ အလှူမီနီယံများအပေါ် အမေရိကန် အကောက်ခွန်သက်ရောက်မှုရှိပုံကို ထင်းဟပ်စေသည်။ ရေနံစိမ်း နှင့်ကျောက်မီးသွေးစျေးနှုန်းများကျဆင်းမှုကြောင့် သွင်းကုန်တင်သွင်းမှုသည် ၈.၇၇၂၆ ထရီလီယံသို့ တစ်နှစ်ထက်တစ်နှစ် ၇.၇ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)