Main menu

သထုံမြို့နယ်၊ အ.မ.က (ညောင်ဝိုင်း) ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်

Powered by Drupal

    ၁၉.၆.၂၀၂၅ ရက်နေ့ နေ့လယ် (၁၄:၀၀) အချိန်တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် သထုံမြို့နယ် အ.မ.က (ညောင်ဝိုင်း)ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

      အဆိုပါ ဟောပြောပွဲတွင် ဦးစီးအရာရှိ ဦးအောင်ကျော်မင်းက စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိကောင်းစရာများအား ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းက စားသုံးသူအခွင့်အရေး (၈) ချက်နှင့် တာဝန် (၄) ချက်အကြောင်း ရှင်းလင်း ဆွေးနွေးကာ Consumer Call Center 1535 လိုင်းခွဲ (၁) အား ခေါ်ဆိုမေးမြန်းစေခဲ့ပြီး ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်လှဖြူဖြူမင်းနှင့် ဆရာ/ဆရာမ (၇) ဦး၊ ကျောင်းသား/ကျောင်းသူ (၁၅၆) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA (မွန်)