
ကမ္ဘောဒီးယားသည် ၂၀၂၅ ခုနှစ်၏ ပထမ ၅ လတာကာလတွင် နိုင်ငံခြားခရီးသွား ၂.၉၅ သန်း ဆွဲဆောင်နိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၁၁.၇ ရာခိုင်နှုန်းမြင့်တက် ခဲ့ကြောင်း ဝန်ကြီးချုပ် Hun Manet က ဇွန်လ ၂၀ ရက်နေ့က ကြေညာခဲ့ပါသည်။ ထိုအချက်သည် ခရီးသွားများက ကမ္ဘောဒီးယား၏ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှု၊ စီးပွားရေးဟန်ချက်ညီမှုနှင့် လုံခြုံမှု အပေါ် ၎င်းတို့၏ယုံကြည်ချက်ရှိမှုကို ပြသနေကြောင်း Manet က များစွာသောရင်းနှီးမြှုပ်နှံသူများ နှင့် စီးပွားရေးအလုပ်အမှုဆောင်များနှင့် အခမ်းအနားတွင် ပြောကြားခဲ့ပါသည်။ ကမ္ဘောဒီးယားသို့ လာရောက်လည်ပတ်ခဲ့သည့် ထိပ်တန်း ၅ နိုင်ငံမှာ ထိုင်း၊ ဗီယက်နမ်၊ တရုတ်၊ အမေရိကန်နှင့် လာအိုတို့ဖြစ်ကြောင်း ခရီးသွားဝန်ကြီးဌာန၏ အဆိုအရ သိရပါသည်။ ခရီးသွားကဏ္ဍသည် အဝတ်အထည်၊ ဖိနပ်၊ ခရီးသွားကုန်ပစ္စည်း၊ စိုက်ပျိုးရေးနှင့် ဆောက်လုပ်ရေးနှင့် အိမ်ရာမြေကဏ္ဍ တို့နှင့်အတူ ကမ္ဘောဒီးယား၏ စီးပွားရေးကိုပံ့ပိုးပေးနေသည့် အဓိကထောက်တိုင် ၄ ခုထဲက ၁ ခု ဖြစ်ကြောင်း သိရပါသည်။
DOCA (ရန်ကုန်)