
စားသုံးသူရေးရာဦးစီးဌာန ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် တာဝန်ခံရုံးမှ ဒေါ်အေးအေးသင်း (လက်ထောက်ညွှန်ကြားရေးမှူး)၊ ဦးခင်မောင်ထွန်း(ဦးစီးမှူး)၊နှင့်ဝန်ထမ်း များသည် (၁၈.၆.၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် နတ်တလင်းမြို့နယ် အနောက်စု ကျေးရွာတွင် မွေးမြူထားသော၊ ဦးမောင်မောင်အေး၏ ကြက်မွေးမြူရေးခြံအား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ သွားရောက် ကွင်းဆင်းစစ်ဆေးရာတွင်ကြက်ခြံပိုင်ရှင်အနေဖြင့်မွေးမြူ ရေးအစားအစာ ဝယ်ယူမှုအခြေအနေနှင့် ကြက်သားပေါက် ဝယ်ယူနေမှုအခြေအနေ မြို့နယ်အတွင်းကြက်မွေးမြူရေးလုပ်ငန်းရှင်များ စုပေါင်း၍ မွေးမြူရေးအစားအစာ ထုတ် လုပ်သော လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ကာ ဝယ်ယူမည်ဆိုပါက အချိန်ကုန်သက်သာခြင်း တစ်နေရာတည်း လိုချင်သလောက်ရရှိခြင်းနှင့် သယ်ယူစရိတ်သက်သာခြင်းများစသည့် အကျိုးကျေးဇူးများ ရရှိလာ မည်ဖြစ်ပါကြောင်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)