Main menu

မကွေးတိုင်းဒေသကြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာန(FDA)ရုံးတွင်  ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင် ပိုင်ရှင်များအား အသိပညာပေးဟောပြောခြင်း

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင်ဦးစီးမှူး ဒေါ်တင်တင်လှ (လက်ထောက်ညွှန်ကြားရေးမှူး)၊ ဦးမျိုးဝင်း(ဒု-ခရိုင်ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)ရုံး အစည်းအဝေးခန်းမတွင် Dr.စိုင်းမင်းသူထွန်း (FDA)တိုင်းတာဝန်ခံနှင့်ပူးပေါင်း၍ (၁.၈.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)မှ (၁၂:၀၀)နာရီထိ မကွေးမြို့ ရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်ရှင်(၄၄)ဦးတို့အား အသိပညာပေးဆွေးနွေးခဲ့ပါသည်။

        Dr.စိုင်းမင်းသူထွန်း(FDA) တိုင်းတာဝန်ခံမှ ဆေးဆိုင်များအနေဖြင့် နေ့စဉ်သန့်ရှင်းရေး ဆောင်ရွက်ရန်၊ ဆိုင်များအား လေဝင်လေထွက်ကောင်းစေရေး အပူချိန်(30˚C) ထိန်းထားနိုင်မှသာဆေးများ အာနိသင်ပြည့်ဝမည်ဖြစ်ကြောင်း ဆေးဆိုင်အရောင်းဝန်ထမ်းများအားလည်း ဆေးဝါး ကျွမ်းကျင်သင်တန်းများ တက်ရောက်ထားကြရန်နှင့် ဆေးဝါးများ၏သက်တမ်းကို အမြဲတမ်းဂရုပြု နေကြရန် အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးရုံး၊ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်းမှ စားသုံးသူကာကွယ်ရေး ဥပဒေ-၂၀၁၉ပါ စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်(၁၁)ချက်နှင့် တားမြစ်ချက်များ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာထည့်သွင်းဖော်ပြရမည့် အချက်များနှင့် ပြစ်မှု/ပြစ်ဒဏ်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

DOCA(မကွေး)