
စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ၂၀.၆.၂၀၂၅ ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် သက်ဆိုင်ရာအဖွဲ့များနှင့်ပူးပေါင်း၍ ဟင်္သာတမြို့နယ် မြို့ပေါ်ရပ်ကွက် အတွင်းရှိ ဆန်ခေါက်ဆွဲထုတ်လုပ်ငန်းများသို့ သွားရောက်၍ SMEs ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းရာတွင် ပူးပေါင်းအဖွဲ့သည် ပြည်သူများစားသုံးရန် ထုတ်လုပ်လျက်ရှိသော ဆန်ခေါက်ဆွဲများတွင် ဘေးအန္တရာယ်ကင်းရှင်းမှုရှိ/ မရှိ၊ စားသုံးရန် သို့မဟုတ် အသုံးပြုရန် သင့်/မသင့် စစ်ဆေးခဲ့ပါသည်။ စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်စေရန်၊ ထုတ်ကုန် များ လုံခြုံစိတ်ချရမှုရှိစေရန်၊ ကုန်စည်၏ ထုတ်လုပ်ပုံနည်းစနစ်၊ ဈေးနှုန်းဈေးကွက်အခြေအနေ၊ ရင်းနှီးမြှပ်နှံမှုနှင့် အကျိုးအမြတ်ရရှိမှု၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်၊ သတ်မှတ်ထားသော စံချိန်စံညွှန်းပြည့်မီအောင်ထုတ်လုပ်နိုင်ရေး၊ ပတ်ဝန်းကျင်သန့်ရှင်းမှုတို့ကို အလေးထား ဆောင်ရွက်စေ လို ကြောင်းဆွေးနွေးခဲ့ပြီး၊ လုပ်ငန်းရှင်ဘက်မှလည်း စားသုံးသူများ အန္တရာယ်ကင်းစွာ အသုံးပြုနိုင်ရေး ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်စည်ဝယ်လိုအားပေါ်မူတည်၍ ထုတ်လုပ်မှု အနည်းအများရှိကြောင်း ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
EYDNS (DOCA ဧရာဝတီ)