Main menu

ဟင်္သာတမြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ဆီနှင့်ကြက်ဥများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် (၂၃.၆.၂၀၂၅) ရက်နေ့ နံနက်(၀၈:၀၀) နာရီအချိန်မှစ၍ စားသုံးသူရေးရာဦးစီးဌာနမှ ဟင်္သာတမြို့နယ်ဦးစီးမှူး ဦးမိုးကျော်၊ သက်ဆိုင်ရာဌာနဝန်ထမ်းများ၊ ဟင်္သာတခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်း၍  ဟင်္သာတမြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ကြက်ဥနှင့် စားအုန်းဆီများ ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

          ထိုသို့ရောင်းချခဲ့ရာတွင် အငြိမ်းစားဝန်ထမ်းတစ်ဦးလျှင် ကြက်ဥ(၁၁) လုံးနှင့် ဆီ(၅၀)ကျပ်သား ရောင်းချခဲ့ပါသည်။ ကြက်ဥ(၁၁)လုံးလျှင် ၄၀၀၀/- ကျပ်ဖြင့် အလုံးရေပေါင်း(၁၀၀၀)လုံး၊ ဆီ(၅၀)ကျပ် သား (၁)ဗူးလျှင်(ဘူးခွံအပါ) ၃၅၀၀/- ကျပ်ဖြင့် ပိဿာချိန် ၂၂၀ အား ရောင်းချခဲ့ပြီး သက်ဆိုင်ဌာန ဆိုင်ရာများမှပူးပေါင်းဆောင်ရွက်ပေးခဲ့ကြကာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေး စောင့်ရှောက်မှုများလည်း ကူညီဆောင်ရွက်ပေးခဲ့ကြောင်း  သိရှိရပါသည်။

DOCA(ဧရာဝတီ)