
အမေရိကန်အစိုးရသည် နိုင်ငံခြားမှထုတ်ကုန်များအား အများကြီးတင်သွင်းနေခဲ့သည့်အတွက် ပြည်တွင်းရှိ ကုမ္ပဏီများ အခက်အခဲမဖြစ်စေရန်နှင့် ပြည်တွင်းထုတ်ကုန်များအား သုံးစွဲမှုများပြား လာစေရန် ရည်ရွယ်၍ အခွန်စနစ်သစ်တစ်ခုအား ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ အခွန်သစ်စနစ်မှာ iPhone အပါအဝင် စမတ်ဖုန်းများအပေါ် 25% အခွန်နှင့် ဥရောပသမဂ္ဂ (EU) မှ တင်သွင်းသော ဆေးဝါး ထုတ်ကုန်များအပေါ် 50% အခွန် တင်သွင်းရမည့် စနစ်ဖြစ်ကြောင်း သိရှိရပါသည်။ ယင်းကဲ့သို့သော အခွန်သတ်မှတ်မှုသည် ပြည်တွင်းစီးပွားရေးအား မြှင့်တင်ရန်နှင့် နည်းပညာ၊ ဆေးဝါးလုပ်ငန်းများတွင် ပြိုင်ဆိုင်မှု အား တိုးမြှင့်နိုင်ရန် ရည်ရွယ်ထားခြင်း ဖြစ်ပါသည်။ အဆိုပါအခွန်စနစ်ဖြင့် တင်သွင်းမှုခွင့်ပြုခြင်းသည် ပြည်တွင်းထုတ်လုပ်မှုအပေါ် အားဖြည့်မှုဖြစ်စေပြီး အမေရိကန်စက်မှုလုပ်ငန်းများကို အားဖြည့် နိုင်မည်ဟု စီးပွားရေး ခွဲခြမ်းစိတ်ဖြာသူများက ဝေဖန်သုံးသပ်ထားသည်ကိုလည်း သိရှိရပါသည်။
DOCA(ဧရာဝတီ)