Main menu

တွံတေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးမှ ကျောက်စရစ်ကုန်းကျေးရွာ အခြေခံပညာမူလွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

      ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမြို့နယ် တာဝန်ခံရုံးမှ ကျောက်စရစ်ကုန်းကျေးရွာ အခြေခံပညာမူလွန်ကျောင်းတွင် စားသုံးသူကာကွယ် ရေးအသိပညာပေးဟောပြောပွဲကို ၂၀.၆.၂၀၂၅ ရက်နေ့၊ နေ့လယ်(၁:၃၀)အချိန်တွင် ကျင်းပခဲ့ ကြောင်းသိရသည်။

          အဆိုပါ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံ ဦးသန်းနိုင်မှ ကျောက်စရစ်ကုန်းကျေးရွာ အခြေခံပညာ မူလွန်ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေးများဖြစ်သည့် စားသုံးသူ၏ အခြေခံလိုအပ်ချက်များပြည့်စုံနိုင်စေမှု၊ လုံခြုံစိတ်ချစွာ ဘေးအန္တရာယ်ကင်းရှင်းနိုင်စေမှု၊ သတင်းအချက်အလက်ပြည့်စုံစွာ ရရှိနိုင်စေမှု၊ လွတ်လပ်စွာ ရွေးချယ်နိုင်စေမှု၊ နစ်နာဆုံးရှုံးမှုများအတွက် ဖြေဆိုတင်ပြကြားနာနိုင်စေမှုစသည့် စားသုံးသူ အခွင့်အရေးပါအချက်များနှင့် လိုက်နာဆောင်ရွက်သင့်သည့် စားသုံးသူ၏ တာဝန်များ စားသုံးသူ ပြည်သူများအနေဖြင့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲခြင်းမပြုမီ သတိပြု ဆောင်ရွက်ရမည့် အချက်များ၊ ကုန်ပစ္စည်းတစ်ခုချင်းစီ၌ ဖော်ပြပါရှိသည့် ကုန်အညွှန်း အမှတ်အသားများအား သေချာဖတ်ရှုဝယ်ယူသုံးစွဲပါရန်နှင့် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန(FDA) ၏ ထောက်ခံချက်ရရှိထားသော ကုန်ပစ္စည်းများအား ရွေးချယ်သုံးစွဲ သင့်ကြောင်းစသည်တို့ကို ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။

DOCA (ရန်ကုန်)