Main menu

၂၀၂၄-၂၅ ဘဏ္ဍာနှစ် ပထမ ၁၁ လအတွင်း ပါကစ္စတန်နိုင်ငံ၏ မီးဖိုချောင်သုံးပစ္စည်းများတင်ပို့မှု မြင့်တက်လာ

Powered by Drupal

    ၂၀၂၄-၂၅ ဘဏ္ဍာနှစ်၏ ၁၁ လအတွင်း ပါကစ္စတန်နိုင်ငံ၏ မီးဖိုချောင်သုံးပစ္စည်းများ (ဇွန်၊ ခရင်း၊ ပန်ကန်နှင့် ဓားများ) တင်ပို့မှုသည် ၂၀၂၃-၂၄ ဘဏ္ဍာနှစ် ၁၁ လတာကာလအတွင်း တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ၄ ရာခိုင်နှုန်း အထိမြင့်တက်လာခဲ့ကြောင့် Pakistan Bureau of Statistics (PBS) မှ ဇွန်လ ၂၄ ရက်နေ့တရားဝင်ဖော်ပြချက်အရသိရသည်။ နိုင်ငံ၏ ၂၀၂၃-၂၄ ဘဏ္ဍာနှစ် ဇူလိုင်လမှမေလအထိ မီးဖိုချောင်သုံးပစ္စည်းများ တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၅၃.၁၆ သန်းရှိပြီး ၂၀၂၄-၂၅ ဘဏ္ဍာနှစ် ဇူလိုင်လမှမေလအထိတင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၅၅.၃၂ သန်း ရှိခဲ့ကာ လက်ရှိ ဘဏ္ဍာနှစ်တွင် တင်ပို့မှု ၄ ရာခိုင်နှုန်းခန့်မြင့်တက်ခဲ့သည်။ နှစ်စဉ်အားဖြင့် ၂၀၂၅ ခုနှစ် မေလ၏ မီးဖို ချောင်သုံးပစ္စည်းများတင်ပို့မှုသည် ၂၀၂၄ ခုနှစ် မေလက ဒေါ်လာ ၄.၉ သန်းနှင့်နှိုင်းယှဉ်ပါက ဒေါ်လာ ၅.၃၅ သန်းသို့ ၉.၂၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ အလားတူပင်လစဉ်အလိုက်မီးဖိုချောင်သုံးပစ္စည် များတင်ပို့မှုသည် ၂၀၂၅ ခုနှစ် ဧပြီလက ဒေါ်လာ ၄.၁၉ သန်းနှင့်နှိုင်းယှဉ်ပါက မေလတွင် ၂၇.၈၅ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း သိရသည်။

Source : Xinhua                                                                                

DOCA(ရန်ကုန်)