
အမေရိကန်အစိုးရက “Trade Expansion Act of 1962” ထဲမှ ပုဒ်မ ၂၃၂ ကိုအခြေခံ၍ အမေရိကန်နိုင်ငံ အတွင်းသို့ Steel နှင့် Aluminum များ တင်သွင်းလာပါက တင်သွင်းခွန် ၅၀% အထိ တိုးမြှင့် ကောက်ခံလိုက်ကြောင်း သိရှိရပါတယ်။ အမေရိကန်နိုင်ငံ၏ ကမ္ဘာ့စီးပွားရေးအကြံပေးကုမ္ပဏီ ဖြစ်တဲ့ Boston Consulting Group (BCG) ၏ ပြောကြားချက်အရ အဆိုပါ အခွန်နှုန်းများ တိုးမြှင့်ရခြင်းသည် အမျိုးသားလုံခြုံရေးနှင့် စက်မှုထုတ်လုပ်မှုကို ပြန်လည်သက်သက်သာသာဖွံ့ဖြိုးအောင် လုပ်ဆောင်ရန် ရည်ရွယ်ချက်ဖြစ်ကြောင်း ဖော်ပြခဲ့ကြပါတယ်၊ Steel နှင့် Aluminum အခွန်တိုးခြင်းသည် အစောပိုင်းတွင် စက်မှုလုပ်ငန်းများအပေါ် သက်ရောက်မှုရှိနိုင်သော်လည်း၊ ရေရှည်အတွေးအခေါ်ဖြင့်ကြည့်လျှင် အမေရိကန် ပြည်တွင်းထုတ်လုပ်မှုကို မြှင့်တင်ခြင်း၊ နည်းပညာတီထွင်မှုတိုးတက်ခြင်းနှင့် အလုပ်အကိုင်ဖန်တီးမှု များအတွက် အခြေခံဖြစ်လာနိုင်ကြောင်း ပညာရှင်များကလည်း သုံးသပ်နေကြကြောင်း နိုင်ငံတကာ သတင်းများအရ သိရှိရပါတယ်။
DOCA(ဧရာဝတီ)