Main menu

Signal သွားတိုက်ဆေးများ ဈေးကွက်အတွင်း ကုန်ပစ္စည်းအတု ထုတ်လုပ်ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

         (၂၄.၆.၂၀၂၅)ရက်နေ့၊ (၀၈း၀၀) နာရီအချိန်မှ (၀၉း၃၀) နာရီအချိန်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ထွထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ညောင်တုန်းမြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များသို့သွားရောက်၍ UNILEVER EAC MYANMAR ကုမ္ပဏီလိမိတက်မှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသည့် Signal သွားတိုက်ဆေးအား ဈေးကွက်အတွင်း ကုန်ပစ္စည်းအတု ပြုလုပ်ရောင်းချ နေသည်ကို တွေ့ရှိရ၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် ဥက္ကဋ္ဌထံ တင်ပြတိုင်ကြားလာမှုအပေါ် Signal သွားတိုက်ဆေး အတုများရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

         ကွင်းဆင်းစစ်ဆေးရာတွင် ညောင်တုန်းမြို့နယ် ဦးစီးမှုးဦးအောင်လွင်က စတိုးဆိုင်များဖြစ်သော  (၅)ဆိုင်အား ကွင်းဆင်းစစ်ဆေးရာ ဆိုင်ပိုင်ရှင်များရောင်းချသော Signal သွားတိုက်ဆေးများတွင် ကုန်အညွှန်း အမှတ်အသားပါဝင်ပြီး UNILEVER EAC MYANMAR ကုမ္ပဏီလိမိတက်မှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသည့် Signal သွားတိုက်ဆေးများသာဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းရှင်တို့အား စားသုံးသူကာ ကွယ်ရေး ဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်တာဝန်နှင့်  အခန်း(၁၁) ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းအကြောင်း၊ အခန်း(၁၆) ဘေးအန္တရာယ် ရှိသော ကုန်စည်များကို ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းဆည်းစေခြင်း သို့မဟုတ် ရောင်းချခြင်းကို တားမြစ်ခြင်းနှင့် ဘေးအန္တရာယ်ရှိသော ဝန်ဆောင်မှုကို တားမြစ်ခြင်း လုပ်ငန်းများအကြောင်းနှင့် သက်ဆိုင်ရာဌာနတို့’ တာမြစ်ကုန်စည်များကို ဈေးကွက် အတွင်းရောင်းချခြင်းမပြုရန်နှင့် ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းတို့ကို လုပ်ငန်းရှင်တို့အား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)