
၂၄.၆.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၏ လမ်းညွှန်မှာကြားချက်ဖြင့် ကျိုက်ထိုခရိုင်ဦးစီးမှူး၊ ကျိုက်ထိုမြို့နယ်တာဝန်ခံတို့သည် ကျိုက်ထိုမြို့နယ်၊ တံတားဖြူကျေးရွာတွင် စားသုံးသူပြည်သူများသို့ စားအုန်းဆီ ရောင်းချ ပေးနေမှုများအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ဗီနိုင်းချိတ်ဆွဲရောင်းချခြင်း ရှိ/မရှိ၊ စျေးနှုန်းမှန်ကန်မှု ရှိ/မရှိ၊ အလေးချိန်မှန်ကန်မှု ရှိ/မရှိ၊ သတ်မှတ်ချိန်အတွင်းရောင်းချခြင်း ရှိ/ မရှိ တို့အား ကြီးကြပ်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (မွန်)