
၂၃.၆.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်နှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင် သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ မော်လမြိုင်မြို့နယ်၊ ဈေးကြိုပွဲရုံတန်းနှင့် မောင်ငံဈေးရှိ ကုန်စုံဆိုင်များတွင် Signal အမှတ်တံဆိပ်သွားတိုက်ဆေးကုန်ပစ္စည်းအတုများ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာ မော်လမြိုင်မြို့နယ်၊ ဈေးကြိုပွဲရုံတန်းနှင့် မောင်ငံဈေးရှိ ကုန်စုံဆိုင်များတွင် Signal အမှတ်တံဆိပ် သွားတိုက်ဆေးကုန်ပစ္စည်းအတုများ ရောင်းချခြင်း မရှိကြောင်း သိရှိရပါသည်။
DOCA (မွန်)