ထိုင်းနိုင်ငံသည် ပြည်တွင်းရှိ တောင်သူများ၏ အကျိုးစီးပွားကို ထိခိုက်စေနိုင်သော အရည် အသွေးနိမ့် ထုတ်ကုန်များကို ဝင်ရောက်မှုကာကွယ်ရန်နှင့် ဈေးကွက်တည်ငြိမ်မှုကို သေချာစေရန် အတွက် ကမ္ဘောဒီးယားမှ ပီလောပီနံတင်သွင်းမှုများကို ပိုမိုတင်းကျပ်စွာ ထိန်းချုပ်လာသည်။
ထိုင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Pichai Naripthaphan က နှစ်နိုင်ငံ နယ်စပ်တွင် ကမ္ဘောဒီးယားမှ တင်သွင်းလာသော ပီလောပီနံများ၏ အရည်အသွေးကို ပိုမို တင်းကျပ်စွာစစ်ဆေးရန် နိုင်ငံခြားကုန်သွယ်ရေးဦးစီးဌာနသို့ ညွှန်ကြားထားသည်ဟု ထုတ်ဖော် ပြောကြားခဲ့သည်။ အဆိုပါ အစီအမံသည် ထိုင်းတောင်သူများ လက်ရှိရရှိနေသည့် ဈေးနှုန်းများကို ထိခိုက်စေနိုင်သော အရည်အသွေးနိမ့် ပီလောပီနံများ ဝင်ရောက်လာခြင်းကို တားဆီးရန်ဖြစ် ကြောင်း သိရှိရသည်။
ထိုင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပြည်နယ် ၅ ခုရှိ ဝင်ပေါက် ၆ ခုမှတစ်ဆင့် ကမ္ဘောဒီးယားမှ ပီလောပီနံများ တင်သွင်းရန် ခွင့်ပြုထားခြင်းဖြစ်သည်။ ပီလောပီနံ တင်သွင်းသူများသည် ကြိုတင်၍ မှတ်ပုံတင်ရမည်ဖြစ်ပြီး တင်သွင်းမည့် ပီလောပီနံနှင့် ပတ်သက် သည့် အသေးစိတ်အချက်အလက်များကို တင်ပြရမည်ဖြစ်ကြောင်း၊ တင်သွင်းလာသည့် ကုန်စည် များကို ပြည်တွင်းမှဝယ်ယူထားသော ပီလောပီနံများနှင့်ရောနှောမှုမရှိပဲ သီးသန့်ခွဲခြား၍ သိုလှောင် ရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ အာဏာပိုင်များထံသို့လည်း စဉ်ဆက်မပြတ် အစီရင်ခံတင်ပြရန် လိုအပ်ကြောင်း သိရှိရသည်။
နိုင်ငံခြားကုန်သွယ်ရေးဦးစီးဌာနသည် နယ်စပ်ဖြတ်ကျော်စခန်း (၆) ခုတွင် တင်သွင်းလာ သော ပီလောပီနံများ၏ အရည်အသွေးကို ကျပန်းစနစ်ဖြင့် စစ်ဆေးရန်အတွက် ဝန်ထမ်းများကို လည်း ထပ်မံတာဝန်ချထားမည်ဖြစ်ပြီး စံချိန်မမီသော ပီလောပီနံတင်သွင်းမှုများကို စစ်ဆေး တွေ့ရှိပါက လိုအပ်သော စံချိန်စံညွှန်းပြည့်မီသည်အထိ အဆိုပါတင်သွင်းသူ၏ မှတ်ပုံတင်ခြင်းကို ယာယီရပ်ဆိုင်းမည်ဖြစ်သည်။
ထို့အပြင် ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာနသည် လတ်ဆတ်ပီလောပီနံနှင့် ပီလောပီနံ အချပ်များ၏ ဈေးနှုန်းပြောင်းလဲမှုကို ထိန်းချုပ်ရန် စည်းမျဉ်းများ ချမှတ်ထားကြောင်း၊ ကီလိုဂရမ် ၁၀၀၀၀ သို့မဟုတ် ၎င်းပမာဏထက်ပိုသော အဆိုပါကုန်စည်များအား ပြည်နယ် ၁၆ ခု အတွင်း ခရိုင်ပေါင်း ၆၀ ရှိ ကန့်သတ်ထားသော နယ်မြေများအတွင်း သို့မဟုတ် နယ်မြေပြင်ပသို့ ကြိုတင် ခွင့်ပြုချက်မရှိပဲ သယ်ယူပို့ဆောင်ခြင်းကို တားမြစ်ထားကြောင်း၊ တားမြစ်ချက်ကို ဖောက်ဖျက် ကျူးလွန်သူများသည် ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထောင်ဒဏ် ၅ နှစ်အထိဖြစ်စေ၊ ငွေဒဏ် ဘတ် ၁၀၀,၀၀၀ အထိဖြစ်စေ သို့မဟုတ် ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်ကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် ပီလောပီနံထုတ်လုပ်မှု ရာသီကာလ ကုန်ဆုံးခါနီး ဖြစ်သော်လည်း ဝန်ကြီးဌာနအနေဖြင့် ထိုင်းတောင်သူများ၏ အကျိုးစီးပွားကို ကာကွယ်ရန် အတွက် သွင်းကုန်များကို တင်းကျပ်စွာ ထိန်းချုပ်ရန် ကတိကဝတ်ကို ဆက်လက်စောင့်ထိန်း လုပ် ဆောင်လျက်ရှိကြောင်း၊ ထို့အပြင် ကမ္ဘာ့စျေးကွက်တွင် ရေရှည်တည်တံ့သော ယှဉ်ပြိုင်နိုင်မှုရှိ စေရန် ထိုင်းပီလောပီနံ၏ စံချိန်စံညွှန်းများ မြှင့်တင်ရေးကိုလည်း ဦးတည်ဆောင်ရွက်လျက်ရှိ ကြောင်း ဝန်ကြီး Pichai ကပြောကြားခဲ့သည်။
Source: The Nation Thailand, 21 June 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)