Main menu

တရုတ်၊ ဂျပန် နှင့်ကိုရီးယားတို့တွင် သဘာဝဓာတ်ငွေ့ တင်သွင်းမှုများ လျော့နည်းနေသော်လည်း ထိုင်ဝမ် တွင် သဘာဝဓာတ်ငွေ့ တင်သွင်းမှုများပြားနေ

Powered by Drupal

            ၂၀၂၅ ခုနှစ် ဇန်နဝါရီမှ ဇွန်လအထိ တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံများတွင် သဘာဝဓါတ်ငွေ့ Liquefied Natural Gas” LNG ဝယ်ယူမှုမှာ စုစုပေါင်း ၁၆ မီလီယံ တန်ချိန် (Mt) တော်တော်များများ လျော့ကျခဲ့ကြောင်း သိရှိရပါသည်။ သဘာဝဓါတ်ငွေ့များ တင်သွင်းမှု လျော့နည်းလာရသည့် အကြောင်းအရင်းမှာ လျှပ်စစ်ဓာတ်အားသုံးစွဲမှုကျဆင်းခြင်း၊ နှင့် နိုင်ငံတွင်းစွမ်းအင်ထုတ်လုပ်မှု တိုးလာမှု တို့ကြောင့်ဖြစ်ပြီး အဆိုပါအခြေအနေဖြင့် ဆန့်ကျင်ဘက်အနေဖြင့် တိုင်ဝမ်နိုင်ငံတွင် သဘာဝဓါတ်ငွေ့ LNG ဝယ်ယူမှုမှာ တိုးမြှင့်လာတာကိုလည်း သိရှိရပါသည်။ ထိုင်ဝမ်အစိုးရက ပတ်ဝန်းကျင်နဲ့ လူမှုအသက် အန္တရာယ်အတွက် စိုးရိမ်မှုကြောင့် နျူကလီးယားဖြင့် မီးပေးသည့်စနစ်အား ပိတ်ပင်လိုက်သည့်အတွက် LNG သဘာဝဓါတ်ငွေ့ ကိုသာ အသုံးပြုလာကြသည့်အတွက် ဝယ်လိုအား တိုးမြှင့်လာခြင်းဖြစ်ကြောင်း နိုင်ငံတကာသတင်းများအရ သိရှိရပါတသည်။

DOCA(ဧရာဝတီ)