Main menu

ညောင်တုန်းမြို့ ပေါ်ရှိ သောက်ရေသန့်စက်ရုံများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်

Powered by Drupal

              ညောင်တုန်းမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် ခရိုင် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့ပူးပေါင်း၍  ညောင်တုန်း မြို့နယ်တွင်း ရေသန့်စက်ရုံ(၇)ရုံအား မြေပြင်ကွင်း ဆင်းစစ်ဆေးခြင်းကို (၂၃-၆-၂၀၂၅)ရက်နေ့က နေ့လယ် (၁၃:၃၀) နာရီအချိန်က စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

           ကွင်းဆင်းစစ်ဆေးရာတွင်  မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်လွင်မြို့နယ်ဦးစိးမှူးက စက်ရုံများအား ပုံမှန်ကွင်းဆင်းစစ်ဆေးချက်ပုံစံများနှင့်အညီ မေးမြန်းစစ်ဆေး ခြင်း၊ သောက်ရေသန့်စက်ရုံများ၏ လုပ်ငန်းလည်ပတ်ဆောင်ရွက်မှု အဆင့်ဆင့်အား ကြည့်ရှုစစ်ဆေးခြင်း၊ ကုန်ကြမ်းသို‌လှောင်ထားရှိမှု အခြေအနေများအား စစ်‌ဆေးခြင်း၊ စွန့်ပစ်ပစ္စည်းနှင့် စွန့်ပစ်ရေ စွန့်ပစ်မှုတို့ အခြေအ‌နေအရပ်ရပ်တို့အား မြေပြင်ကွင်းဆင်းစစ်ဆေး၍ မိမိလုပ်ငန်းလည်ပတ် ဆောင်ရွက်မှုကြောင့် ပတ်ဝန်းကျင်အပေါ်ထိခိုက်မှု အနည်းဆုံး ဖြစ်စေရေးတို့အတွက် လိုက်နာဆောင်ရွက်ရ မည့်အချက်များအား အသိပေးပြောကြားခြင်း၊ စက်ရုံမှ မှတ်ပုံတင်လိုင်စင်များ စစ်ဆေးခြင်း ၊ စက်ရုံလုပ်ငန်းခွင့်အတွင်း သတ်မှတ်ဝတ်စုံများနှင့် လုပ်ကိုင်ဆောင်ရွက်ခြင်းရှိ/ မရှိကို စစ်ဆေးခြင်း၊ မှတ်ပုံတင်နှင့် လုပ်ငန်းလိုင်စင်များ သက်တမ်းတိုး ဆောင်ရွက်ခြင်း ရှိ/မရှိကို စစ်ဆေးခြင်း၊ ရောင်းချဖြန့်ဖြူးသည့် ဈေးကွက်ဈေးနှုန်းအခြေအနေများကို စစ်ဆေးခဲ့ပြီး လိုက်နာဆောင်ရွက်ခြင်း မရှိပဲ ထုတ်ကုန်လုံခြုံစိတ်ချရမှု မရှိသော ကုန်စည်များ ရောင်းချခြင်းကို စစ်ဆေးတွေ့ရှိပါက ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ရေသန့်စက်ရုံတာဝန်ခံများအား အသိပေးပြောကြားခဲ့ကြောင်း  သိရှိရပါသည်။

DOCA(ဧရာဝတီ)