
စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဒုခရိုင်ဦးစီးမှူးနှင့် ကုန်ဈေးနှုန်း တည်ငြိမ် ကျဆင်းရေးအဖွဲ့ဝင်များဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၊ မြို့နယ်အရံမီးသတ်တပ်ဖွဲ့ တို့မှ တာဝန်ရှိသူများနှင့်အတူ (၂၄-၆-၂၀၂၅) ရက်နေ့ နံနက်ပိုင်းက စက်သုံးဆီကုမ္ပဏီများမှ မအူပင်မြို့နယ်အတွင်း သတ်မှတ် ရည်ညွှန်းဈေးဖြင့် ဈေးနှုန်းဖော်ပြ၍ ရောင်းချခြင်း ရှိ/မရှိ၊ တရားမဝင်ကုန်စည်များ သယ်ဆောင်ခြင်း မရှိစေရေးနှင့် စက်သုံးဆီမပြတ်လတ်စေရန် လက်ကျန်အခြေအနေတို့အားစက်သုံးဆီဆိုင်များသို့ ကွင်းဆင်း၍ ကြပ်မတ်စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် မအူပင်မြို့နယ်များမှ စက်သုံးဆီဆိုင်(၈)မှ လုပ်ငန်းလိုင်စင်များအား ကြည့်ရှုစစ် ဆေးခြင်း၊ စက်သုံးဆီ ရောင်းချလျှက်ရှိသည့် Diesel နှင့် Premium Disel စက်သုံးဆီများ၏ ဈေးနှုန်းနှင့် အခြင်အတွယ်မှန်ကန်ရေးတို့ကို ကြည့်ရှုစစ်ဆေးရာ စင်သုံးဆီရောင်းချသည့် ဆိုင်တာဝန်ခံများက စက်သုံးဆီအထူး ဈေးနှုန်းဖြင့် ရောင်းချနေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး စက်သုံးဆီဈေးနှုန်းမြှင့်တက်မှုမရှိစေရေးနှင့် ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးအတွက် စည်းကမ်းသတ် မှတ်ချက်များနှင့်အညီ ရောင်းချရန် မှာကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)