Main menu

တရားမဝင်အေးခဲ့သားများ ရောင်းချခြင်း ရှိ/မရှိ မအူပင်မြို့နယ် ဈေးများအား ကွင်းဆင်းစစ်ဆေး

Powered by Drupal
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့၌ ဈေးနှင့် ဈေးတန်းကြီး ၄ခုတွင် ဈေးများအတွင်းရှိ တရားမဝင် အေးခဲကြက်သား၊ ကြက်ကလီစာများ ရောင်းချခြင်း ရှိ/မရှိ ကို ကွင်းဆင်း စစ်ဆေးခြင်းကို (၂၃-၆-၂၀၂၅) ၈ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။ စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ စစ်ဆေးရေးမှူးဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများ ပူးပေါင်း၍ ဓနုဖြူမြို့ မြို့မဈေး၊ ၇ရပ်ကွက်ဈေး၊ ဇကာကြီးဈေး၊ အကျော်တာလေးဈေး၊ ရေကျော် ဈေးအတွင်း ရှိ ကြက်သား ရောင်းချသည့် စုစုပေါင်း ဆိုင်(၁၂)ဆိုင်အား စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးရာတွင် ဓနုဖြူမြို့တွင် တရားမဝင် အေးခဲကြက်သား၊ ကြက်ကလီစာ များ ရောင်းချခြင်း မရှိဘဲ စည်ပင်မှ တရားဝင်လိုင်စင် C ထုတ်ပေးထားသော‌ အသားများ သာ ရောင်းချ ကြောင်းနှင့် မြို့နေပြည်သူများ စားသုံးမှုအတွက် တစ်ဖက်ထိုင်းနိုင်ငံမှ နယ်စပ်ဖြတ်ကျော်ကာ အေးခဲသားများ၊ ကြက်ဥ၊ ဘဲဥ၊ ငုံးဥများ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ နေ့စဉ်တင်သွင်းရောင်းချလျက်ရှိရာ ဒေသပြည်သူများ ဘေးဥပါတ်အန္တရာယ် ကင်းရှင်းစွာ စားသုံးနိုင်ရေးနှင့် ပြည်ပမှ သယ်ယူရောင်းချခြင်းအား တိရစ္ဆာန်ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးဥပဒေနှင့်အညီ တရားမဝင် ရောင်းချမှုမရှိစေရေး၊ ကူးစက်ရောဂါပြန့်ပွားမှု မရှိစေရေးအတွက် တင်သွင်းသည့် ကူးတို့ဆိပ်နှင့် ဈေးအတွင်း အေးခဲသား များ၊ ကြက်ဥ၊ ဘဲဥ၊ ငုံးဥများ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်း အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း၊ ရောင်းချသူ များအား ဥပဒေဆိုင်ရာ သိကောင်းစရာများအား အသိပေးရှင်းလင်းပညာ ပေးခြင်း၊ အေးခဲသား ရောင်းချမှုများ စစ်ဆေးတွေ့ရှိပါက ဥပဒေလုပ်ထုံးလုပ်နည်းများ နှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။ DOCA(ဧရာဝတီ)