စားအုန်းဆီ များသက်သာသောဈေးနှုန်းဖြင့် စားသုံးသူပြည်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူစားသုံးနိုင်ရန် အတွက် နေပြည်တော်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဝန်ထမ်းများပူးပေါင်း၍ ကျေးရွာများ၊ ရပ်ကွက်များ၊ ဝန်ထမ်းအိမ်ယာများ၊ ဌာနဆိုင်ရာဝန်ထမ်းများသို့ အထူးဈေးနှုန်းဖြင့် စားသုံးသူများလက်ဝယ်အရောက် ဈေးကားဖြင့် ရောင်းချပေးလျက်ရှိပါသည်။
“၃-၈-၂၀၂၂ ရက်နေ့မှာတော့ ဆီလုပ်ငန်းရှင် ဦးအေးထွန်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်စောမာလာနွယ်တို့ဦးဆောင်၍ လယ်ဝေးမြို့နယ်၊ ရှမ်းရွာတွင် ဆီပိဿာချိန် (၆၆၀)ကို လည်းကောင်း၊ ဈေးကားတစ်စီးဖြင့် လှည့်လည်ရောင်းချပေးခဲ့ကြောင်း၊ ဇေယျာသီရိမြို့နယ်၊ သစ်တပ်လေး ကျေးရွာတွင် ဆီလုပ်ငန်းရှင်ဦးအေးချမ်းသူမှ ဆီပိဿာချိန် (၆၆၀)ကိုလည်းကောင်း၊ ဇေယျာသီရိမြို့နယ်၊ သပြေပင်ကျေးရွာတွင် ဆီလုပ်ငန်းရှင် ဦးခင်မောင်မြင့်မှ ဆီပိဿာချိန် (၆၆၀)ကိုလည်းကောင်း၊ ဇေယျာသီရိမြို့နယ်၊ သက်နှင်းအင်းကျေးရွာတွင် ဆီလုပ်ငန်းရှင် ဦးပြည့်ဖြိုးအောင်မှ ဆီပိဿာချိန် (၆၆၀)ကိုလည်းကောင်း၊ ဈေးကားဖြင့် လှည့်လည်ရောင်းချ ပေးခဲ့ကြောင်း” သိရှိရပါသည်။
ယခုလိုရောင်းချနေမှုများမှာ စားသုံးသူပြည်သူများအတွက် အဆင်ပြေမှုများစွာရှိကြောင်း၊ စားသုံးဆီဈေးနှုန်းများ အဆမတန်မြင့်တက်မှုကိုလည်း ထိန်းချုပ်ပေးနိုင်သောကြောင့် နေပြည်တော် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် ရောင်းချမှုများကို အကောင်းဆုံးကြိုးစားလျက်ရှိ ကြောင်း သတင်းရရှိပါတယ်။
DOCA(ပြည်ထောင်စုနယ်မြေ)