
ဖိလစ်ပိုင်နိုင်ငံသည် GSP (Generalized System of Preferences) အခွန်သက်သာမှုစနစ်ကို အသုံးပြုခြင်းဖြင့် သစ်သီးဝလံ၊ ပင်လယ်စာနှင့် အထည်အလိပ်စသည့် ထုတ်ကုန်များကို အမေရိကန်နှင့် ဥရောပဈေးကွက်များသို့ အခွန်ကင်းလွတ်ခြင်း သို့မဟုတ် အခွန်သက်သာမှုဖြင့် တင်ပို့လာနိုင်ခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါ စနစ်အားအသုံးပြုခြင်းကြောင့် ဖိလစ်ပိုင်ရဲ့ လယ်ယာထုတ်လုပ်မှုနှင့် စက်မှု ထုတ် လုပ်မှု ကဏ္ဍများတွင် တင်ပို့တန်ဖိုးမြင့်တက်လာခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း အသစ်များ ဖန်တီး ခြင်းနှင့် ပြည်တွင်းစီးပွားရေးတိုးတက်မှုတို့ရရှိလာခဲ့ပါသည်။ GSP အစီအစဉ်ဖြင့် ဖိလစ်ပိုင်ထုတ်ကုန် ၆,၅၀၀ ကျော်သည် အမေရိကန်ဈေးကွက်သို့ အခွန်ကင်း လွတ်စွာ ဝင်ရောက်နိုင်ပြီး၊ ဥရောပသမဂ္ဂ၏ GSP+ စနစ်အောက်တွင်လည်း လူ့အခွင့်အရေးနှင့် အလုပ်သမား အခွင့်အရေးစံနှုန်းများအပေါ် ဝိုင်းဝန်းကျင့်သုံးရန် ဖြင့် တင်ပို့ခြင်းဆိုင်ရာအခွင့်အရေးများ စွာကို လည်း ရရှိနေခဲ့ပါကြောင်း နှင့် ဤအခွင့်အရေးများသည် ဖိလစ်ပိုင်၏ တင်ပို့လုပ်ငန်းအား နိုင်ငံတကာ သို့ချဲ့ထွင်ရန်အတွက် အခြေခံအုတ်မြစ် တစ်ခု ဖြစ်ကြောင်း နိုင်ငံတကာ သတင်းများအရ သိရှိရပါတယ်။
DOCA(ဧရာဝတီ)