
အင်ဒိုနီးရှားနိုင်ငံသည် မော်တော်ယာဉ်အစိတ်အပိုင်းများ၊ သံမဏိနှင့် အီလက်ထရွနစ်ပစ္စည်းများ တင်ပို့မှုအတွက် အပြည်ပြည်ဆိုင်ရာဈေးကွက်များတွင် အမြင့်ဆုံးယှဉ်ပြိုင်နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှု ဥပဒေများအား ပြုပြင်မွမ်းမံလိုက်ကြောင်း သိရှိရပါတယ်။ ထိုပြုပြင်ပြောင်းလဲမှုများကြောင့် တင်သွင်းသူ များအတွက် အခွန်လျော့ပေးမှုများ၊ နည်းပညာတင်သွင်းခွင့်ကင်းလွတ်ချက်များနှင့် စက်မှုဇုန်အတွင်း စီးပွားရေးလုပ်ငန်းများစတင်ရန် ပိုမိုအဆင်ပြေသည့် အခြေအနေများ ပေးအပ်နိုင်ကြောင်းလည်း သိရှိရပါ တယ်။ ထုတ်လုပ်ရေးစွမ်းရည်ပိုမိုတိုးတက်လာပြီး မြန်ဆန်သောထုတ်လုပ်မှုစနစ်များ၊ စက်ကိရိယာများ တိုးတက်မှုနှင့် နည်းပညာအသစ်များကို စီမံခန့်ခွဲခြင်းကြောင့် တောင်အာရှဒေသအတွင်း ထိပ်တန်းစက်မှု ထုတ်လုပ်သူတစ်နိုင်ငံအဖြစ် အင်ဒိုနီးရှားသည် ခိုင်မာစွာရပ်တည်လာနိုင်ခဲ့နေပြီ ဖြစ်ပါကြောင်း နိုင်ငံတကာ သတင်းများအရ သိရှိရပါတယ်။
DOCA(ဧရာဝတီ)