
မြန်မာနိုင်ငံသည် သဘာဝနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းမှုကို ဦးစားပေးကာ ရေနံအစားထိုးဖြစ်သော Biodiesel နှင့် Bioethanol ထုတ်လုပ်မှုစနစ်များကို အရှိန်မြှင့်တင်ဆောင်ရွက်နေကြောင်းသိရှိရပါတယ်။ မြန်မာ နိုင်ငံအတွင်းရှိ စက်ရုံများ၊ နည်းပညာနှင့် အရင်းအမြစ်များကို တိုးချဲ့ပြီး အာဆီယံ နှင့် တောင်အာရှ အနောက်ပိုင်းနိုင်ငံများသို့ ထုတ်ကုန်များ တင်ပို့ရန် အဆင်သင့်ပြင်ဆင်မှုများကိုလည်း ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ အဆိုပါပြင်ဆင်မှုများသည် မြန်မာနိုင်ငံအတွက် သဘာဝစွမ်းအင် (Green Energy) ကဏ္ဍ တိုးတက်ဖွံ့ဖြိုးရေး၏ အခြေခံတည်ဆောက်မှုဖြစ်ပြီး၊ ကမ္ဘာ့စီးပွားရေးအရ သဘာဝဓာတ် ငွေ့ထုတ်လွှတ်မှု လျော့နည်းစေရန်နှင့် ရေရှည်စွမ်းအင်လုံခြုံမှု တည်ဆောက်ရန်ရည်ရွယ်ထားကြောင်း သိရှိရပါတယ်။ အဆိုပါကဏ္ဍ တိုးတက်မှုကြောင့် နိုင်ငံ၏စီးပွားရေးအခြေအနေ ကောင်းမွန်လာကာ အလုပ်အကိုင် အခွင့်အလမ်းများ ပြည့်စုံလာမည်ဟု မျှော်လင့်နေကြောင်း သတင်းရရှိပါတယ်။
DOCA(ဧရာဝတီ)